Mandalay FM Evening Show for (29.7.2015) [Wednesday]

ကိုဇာနည် နဲ့ နေနေ တို့တင်ဆက်ပေးနေတဲ့ ဒီနေ့အတွက် မင်္ဂလာညနေခင်းပါ အစီအစဉ်တွေကတော့ ညနေ ၄ နာရီ နဲ့ ၅ နာရီမှာ ရေဒီယိုပရိသတ်တွေအနေနဲ့ ကိုယ်ဖတ်ဖူးတဲ့စာအုပ်တွေထဲက တခြားသူဖတ်ဖို့အတွက် စာအုပ်တစ်အုပ်လောက် ညွှန်းဆိုပြောပေးရမယ်
ဆိုရင် ဘယ်စာအုပ်ကို ညွှန်းဆိုပေးချင်ပါသလဲ ဆိုတဲ့ အကြောင်းတွေပါဝင်လို့ရပါတယ်။
 
ညနေ ၅ နာရီ နဲ့ ၆ နာရီမှာ အဆိုတော် သိန်းလင်းစိုး နဲ့ လွှမ်းပိုင် တို့ကို ဖိတ်ခေါ်ထားပြီးတော့ သူတို့ကိုယ်တိုင် ပါဝင်ကစားမယ့် Music FC ဘောလုံးအသင်းအကြောင်းရယ် သူတို့ရဲ့လက်ရှိ အနုပညာလှုပ်ရှားမှုတွေကို မေးသွားမှာပါ။
 
ညနေ ၆ နာရီကျော်ကတော့ အချစ်ရေဒီယို အစီအစဉ်ရဲ့အချိန်လေးပါ။ ဒီနေ့မှာတော့ ချစ်သူအတွက် ဟင်းတစ်ခွက် လို့ နာမည်ပေးထားပါတယ်။ ကိုယ်ချစ်သူကို ကိုယ်တိုင်ဘယ်လို ဟင်းလျာတွေချက်ပြုတ်ပြင်ဆင်ပြီး ချက်ကျွေးဖူးလဲ ဆိုတဲ့အကြောင်းတွေကို ဖုန်းဆက်ပြောလို့ရပါတယ်။ ဖုန်းနံပါတ်ကတော့ ၀၁-၅၀၁၇၀၉ ပါ။
ဖုန်းဆက်လို့အဆင်မပြေတဲ့ ရေဒီယိုပရိသတ်တွေကလည်း comment လေးတွေ ၀င်ရောက်ရေးသားဖို့အတွက် ဖိတ်ခေါ်ပါတယ်နော်။
 
ကျေးဇူးတင်ပါတယ်ရှင့်