Mandalay FM Evening Show for (28.7.2015) [Tuesday]

အင်္ဂါနေ့ မင်္ဂလာညနေခင်းပါ တိုက်ရိုက်ထုတ်လွှင့်မှု ရေဒီယို စကားဝိုင်းကို ညနေ(၄)နာရီကနေ(၇)နာရီအထိ ကိုဇာနည် နဲ့ နေနေ တို့က တင်ဆက်သွားမှာပါ။ ညနေ(၄)နာရီ(၁၀)မိနစ်ဝန်းကျင်မှာ ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Korea Migrant's Song Festival
သီချင်းဆိုပြိုင်ပွဲမှာ ဆုရခဲ့တဲ့ စိုင်းငယ် ကို ဖိတ်ခေါ်ထားပါတယ်။ 
 
နောက်ပြီး စိုင်းငယ် က ရေဒီယိုနားဆင်နေသူတွေအတွက် ကိုရီးယားသီချင်းတစ်ပုဒ်ကိုလည်း ဂစ်တာတီးပြီး သီဆိုဖျော်ဖြေပေးမှာပါနော်။ ညနေ(၅)နာရီ(၁၅)မိနစ်လောက်ဆိုရင်တော့ ထုံးစံအတိုင်း မသစ်သစ်မြင့်ဆိုင် နဲ့ မလီလီနိုင်ကျော် တို့ရဲ့ Women Panel အမျိုးသမီးစကားဝိုင်း ရှိပါတယ်။
 
ညနေ(၆)နာရီကျော်ကနေ(၇)နာရီမထိုးခင်အထိ သီချင်းချစ်တဲ့သူတွေပါဝင်ဖြေဆိုနိုင်တဲ့ Music Quiz အစီအစဉ်ရှိတဲ့အတွက် စိတ်လှုပ်ရှားပါဝင်လိုတဲ့ ရေဒီယိုပရိသတ်တွေအနေနဲ့ ဖုန်းနံပါတ် ၀၁-၅၀၁၇၀၉ ကိုဆက်သွယ် ဖြေကြည့်ပေးဖို့ ဖိတ်ခေါ်ပါတယ်။