Mandalay FM Evening Show For 24.07.2015 [Friday]

မင်္ဂလာညနေခင်းပါ တိုက်ရိုက်ထုတ်လွှင့်မှုကသောကြာနေ့ကိုရောက်လို့လာပါပြီ။ ဒီနေ့မှာ မော်ဒယ် တစ်ယောက်လဲဖြစ်၊ DJ Neonz အနေနဲ့လည်း အလုပ်တွေလုပ်ဖြစ်နေတဲ့ ပိုးအိဖြူစင် ကို ဖိတ်ခေါ်ထားပြီးတော့ သူရဲ့ဝါသနာနဲ့ ဘ၀ရပ်တည်မှု အကြောင်းတွေကို
ညနေ(၄)နာရီ(၁၀)မိနစ်ဝန်းကျင်မှာ နားဆင်ရဖို့ရှိနေပါတယ်။
 
ညနေ(၅)နာရီ(၁၅)မိနစ်လောက်ကနေစပြီး အပတ်စဉ်စကားဝိုင်းလေးတစ်ခုဖြစ်တဲ့ Friday Night Panel အတွက် သရုပ်ဆောင်တွေဖြစ်ကြတဲ့ ပွင့်၊ ကောင်းမြတ်စံနဲ့ ခေးဆက်သွယ် တို့နဲ့တွေ့ဆုံပြီး စကားတွေပြောသွားဖို့စီစဉ်ထားပါတယ်။
 
ညနေ(၆)နာရီကျော်ကနေ(၇)နာရီမထိုးခင်အချိန်လေးကတော့သီချင်းကြိုက်တဲ့ရေဒီယိုပရိသတ်တွေကိုယ်တိုင်ပါဝင်သီချင်းတောင်းဆိုခွင့်ရတဲ့အချိန်လေးပေါ့။ ဖုန်းနံပါတ် ၀၁-၅၀၁၇၀၉ ကိုဆက်သွယ်တောင်းဆိုပေးပါနော်။
 
ညနေ(၄)နာရီမှာရေဒီယိုပရိတ်သတ်ကြီးနဲ့ဆက်ဆက်ပြန်ဆုံပါရစေနော်။