Mandalay FM Evening Show For (23.7.2015) Thursday

မင်္ဂလာညနေခင်းပါ ရေဒီယိုစကားဝိုင်း တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကို ညနေ(၄)နာရီကနေ (၇)နာရီအထိ ထုတ်လွှင့်မှာမို့ 87.9 MHz မန္တလေးFM ရေဒီယိုကိုဖွင့်ထားပေးပါ။
 
ဒီနေ့ ကြာသာပတေးနေ့ ညနေ(၄)နာရီကျော်မှာတော့ အဆိုတော် ညလင်းထယ် နဲ့ သူ့ရဲ့ Band အဖွဲ့သားတွေရဲ့ Live Performance တီးခတ်သီဆိုမှုကို တွေကိုနားဆင်ရမှာနော်။
 
ညနေ(၅)နာရီ(၁၅)မိနစ်လောက်မှာနားဆင်ရမယ့် မြန်မာစတော့ရှယ်ယာဈေးကွက်နဲ့ပတ်သက်လို့ သိသင့်တဲ့အချက်အလက်တွေနဲ့ ဘာတွေပြင်ဆင်ဆောင်ရွက်ထားသင့်လဲဆိုတဲ့ ဆွေးနွေးစကားဝိုင်း ကလည်း စိတ်ဝင်စားဖို့ကောင်းဦးမှာပါ။
 
ညနေ(၆)နာရီကျော်မှာစတင်မယ့် Talk of the Town အစီအစဉ်မှာဖုန်းဆက်ပါဝင်မယ့် အကြောင်းအရာကတော့ အိမ်ရှင်မတွေအနေနဲ့ ကိုယ်ရဲ့အိမ်လေး သန့်ရှင်းသပ်ရပ်ပြီး၊  ကျန်းမာရေးနဲ့ညီညွှတ်အောင် ဘယ်လိုလျှို့ဝှက်နည်းလမ်းတွေနဲ့ လုပ်ဆောင်ထားလဲ ဆိုတာတွေပြောရမှာပါ။ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကတော့ ၀၁-၅၀၁၇၀၉ ပါနော်။
 
အားလုံးသောမန္တလေးFMရေဒီယိုပရိသတ်တွေနဲ့ ညနေ(၄)နာရီမှာတွေ့ကြမယ်နော်။