Mandalay FM Evening Show For 21.08.2015 [Friday]

ဒီနေ့ သောကြာနေ့ မင်္ဂလာညနေခင်းပါ တိုက်ရိုက်ထုတ်လွှင့်မှုရေဒီယိုစကားဝိုင်းအစီအစဉ်မှာညနေ(၄)နာရီကနေ(၅)နာရီအတွင်း အဆိုတော် ကေကေမိုး နဲ့စကားဝိုင်းအပြင်၊သူမတိုက်ရိုက်သီဆိုပြမယ့် သီချင်းလည်း နားဆင်ရဖို့ရှိနေပါတယ်။
ညနေ(၅)နာရီကနေ(၆)နာရီအတွင်းအပတ်စဉ်ထုတ်လွှင့်နေတဲ့Friday Night Panelစကားဝိုင်းမှာဆိုရင်မန္တလေးFMမိသားစုဝင်တချို့နဲ့ဆုံပြီးစကားလက်ဆုံကျဖို့ရှိပါတယ်။ဘယ်သူတွေနဲ့တွေ့ဆုံသွားမလဲဆိုတာကို ချစ်ရတဲ့ ရေဒီယိုပရိသတ်ကြီးက
စောင့်မျှော်နားဆင်ကြည့်ပါဦးလို့။ညနေ(၆)နာရီကနေ(၇)နာရီအတွင်းကတော့သီချင်းချစ်သူတွေ ဖုန်းဆက်တောင်းဆိုချက်ချင်းနားဆင်ရမယ့် သီချင်းတောင်းခွင့်ရမယ့် အချိန်လေးဖြစ်ပါတယ်။ဆက်သွယ်တောင်းဆိုရမယ့်ဖုန်းနံပါတ်ကတော့ ၀၁-၅၀၁၇၀၉ ပါ။
တင်ဆက်သူ ကိုဇာနည် နဲ့ နေနေ တို့ရဲ့ မင်္ဂလာညနေခင်းပါ အစီအစဉ်ကိုနားဆင်ဖို့ညနေ(၄)နာရီရောက်ရင်မန္တလေးFM ရေဒီယိုကိုဖွင့်ထားဖို့မမေ့နဲ့နော်။