Mandalay FM Evening Show (20.07.2015) [Monday]

မင်္ဂလာညနေခင်းပါ ရေဒီယိုစကားဝိုင်း ကို ညနေ(၄)နာရီကနေ(၇)နာရီထိနားဆင်ကြည့်ဖို့ 87.9 MHz Mandalay FM Radio ကိုဖွင့်ထားပါနော်။
 
"ဟန်နီ၊ ယောင်ချာချာ" ဆိုတဲ့ သီချင်းသစ်နှစ်ပုဒ်ထွက်ရှိထားတဲ့ Doremeအဖွဲ့ကိုဖိတ်ခေါ်ထားပါတယ်။Doreme ဆိုပြမယ့် Live Performance သီချင်းကိုနားဆင်ခွင့်ရဦးမယ့် အချိန်ကတော့ ညနေ(၄)နာရီကျော်လောက်မှာပါ။ ရေဒီယိုပရိသတ်ကြီးကိုမပျက်နားဆင်စေချင်ပါတယ်။
 
ညနေ(၅)နာရီ(၁၅)မိနစ် အချိန်မှာတော့ အေးအေးငြိမ်း နဲ့ အိအိငြိမ်းအမွှာညီအစ်မနှစ်ယောက်ကို ဖိတ်ခေါ်ထားပြီး၊ ညီအစ်မနှစ်ယောက်ရဲ့စိတ်နေသဘောထား၊ ရင်ထဲကပြောပြချင်နေတဲ့ခံစားချက်တွေကို ဖွင့်ဟပြောပြကြမှာပါ။
 
ဒီနေ့က တနင်္လာနေ့ဆိုတော့ ညနေ(၆)နာရီကျော်ကနေ(၇)နာရီမထိုးခင်အထိသီချင်းကြိုက်တဲ့ ရေဒီယိုပရိသတ်တွေက ဖုန်းနံပါတ် ၀၁-၅၀၁၇၀၉ ကို ဆက်ပြီး တောင်းဆိုနိုင်ပါတယ်။