Mandalay FM Evening Show For 17.08.2015 [Monday]

ဒီနေ့ရဲ့ မင်္ဂလာညနေခင်းပါ တိုက်ရိုက်ထုတ်လွှင့်မှုရေဒီယိုစကားဝိုင်းမှာတင်ဆက်သူ ကိုဇာနည် နဲ့ နေနေ တို့ ညနေ(၄)နာရီကနေ(၇)နာရီအထိမန္တလေးFMရေဒီယိုပရိသတ်များနဲ့အတူရှိနေပါတယ်။
ညနေ(၄)နာရီကနေ(၅)နာရီအတွင်းအဆိုတော် အောင်ဖြိုး တိုက်ရိုက်သီဆိုတင်ဆက်မယ့် Live Performanceသီချင်းတွေနားဆင်ဖို့ရှိပါတယ်။ညနေ(၅)နာရီကနေ(၆)နာရီအတွင်း
လက်ရှိရန်ကုန်မြို့တွင်းယာဉ်မောင်းရတဲ့အနေအထားတွေအကြောင်း၊ယာဉ်ကြောအခြေအနေ နဲ့ ရေဘေးသင့်ဒေသတွေကို လုပ်အားပေးကူညီဖို့သွားမယ့်ယာဉ်မောင်းတွေအနေနဲ့ 
မိမိရဲ့မော်တော်ကားကို ဘယ်လိုဂရုပြုပြင်ဆင်သွားသင့်သလဲဆိုတာ ဆွေးနွေးသွားကြမယ့်စကားဝိုင်း။ညနေ(၆)နာရီကနေ(၇)နာရီမထိုးခင်အထိကတော့သီချင်းချစ်သူတွေဖုန်းဆက်သီချင်းတောင်းဆိုနိုင်တဲ့
တိုက်ရိုက်သီချင်းတောင်း၊ ချက်ချင်းနားဆင်ခွင့်ရမယ့်အချိန်ပါနော်။ဆက်သွယ်သီချင်းတောင်းဆိုရမယ့်ဖုန်းနံပါတ်ကတော့ ၀၁-၅၀၁၇၀၉ ဖြစ်ပါတယ်။ညနေ(၄)နာရီမှာ ရေဒီယိုချစ်သူပရိသတ်များနဲ့ တွေ့ဆုံမယ်နော်။