Home
Who We Are
News
Program
Schedule
podcast
Contact Us
87.9 MHz -
Mandalay FM - Your Radio , Your Friend
Your browser does not support the audio element.
Mandalay FM Evening Show For (13.8.2015)[Thursday]
Your Radio, Your Friend Mandalay FM [87.9 MHz]
မင်္ဂလာညနေခင်းပါ တိုက်ရိုက် တင်ဆက်မှုရဲ့ ဒီနေ့ ကြာသပတေးနေ့ ညနေမှာ နားဆင်ရမှာက ညနေ ၄နာရီမှာတော့ ဂစ်တာသင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးနေတဲ့ ဆရာညီညီထွေးကို ဖိတ်ခေါ်ထားပြီး ဆရာ့ရဲ့ဘ၀အကြောင်းတွေနဲ့ လတ်တလောလှုပ်ရှားမှုတွေကို မေးမြန်းသွားမှာပါ။
ညနေ ၅နာရီမှာတော့ အကြောင်းအမျိုးမျိုးကြောင့် မိသားစုအဆက်အသွယ် ပြန်လည်ရရှိဖို့အတွက် ၀န်ဆောင်မှုပေးနေတဲ့အကြောင်းတွေကို သိရှိနိုင်ဖို့အတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း မိသားစု ပြန်လည်ဆက်သွယ်ပေးရေးဌာန မှ ညွှန်ကြားရေးမှုးဒေါ်စုစုလင်းကိုဖိတ်ခေါ်ထားပါတယ်။
ညနေ ၆နာရီမှာလာမဲ့ Talk of the Town အစီအစဉ်မှာတော့ ရေဘေးသင့်ဒေသတွေမှာ မြင်တွေ့နေရတဲ့ အခြေခံကျန်းမာရေးအကြောင်း ဥပမာသောက်သုံးရေသန့်မသန့် နဲ့ အိမ်သာတွေအကြောင်းကို ဒေသခံ ပရိသတ်တွေကိုယ်တိုင် ဖုန်းနံပါတ် ၀၁ ၅၀၁၇၀၉ကို ဖုန်းဆက်ပြီး
တိုက်ရိုက်ခေါ်ဆိုပြီး အခြေအနတွေကို ပြောပြလို့ရသလို Mandalay FM ကနေလည်း ရေဘေးသင့် ဒေသက ဒေသခံတွေကို ဖုန်းခေါ်ဆိုပြီး မေးမြန်းသွားမှာပါ။ရေဒီယိုပရိသတ်တွေနဲ့ ညနေ ၄နာရီကနေ ၇နာရီထိ တူတူရှိနေမယ့် မင်္ဂလာညနေခင်းပါ အစီအစဉ်။