Mandalay FM Evening Show For (11.8.2015) [Tuesday]

မင်္ဂလာညနေခင်းပါ တိုက်ရိုက်ထုတ်လွှင့်မှုရေဒီယိုစကားဝိုင်းအစီအစဉ်မှာ ညနေ(၄)နာရီကနေ(၇)နာရီအထိ တင်ဆက်သူ ကိုဇာနည် နဲ့ နေနေ တို့ရှိနေပါတယ်။
 
ညနေ(၄)နာရီကနေ(၅)နာရီကနေအတွင်းမှာ အဆိုတော် အမွန်း နဲ့တွေ့ဆုံမယ်၊ သူမရဲ့အနုပညာသတင်းတွေကို မေးပါမယ်။ ပြီးတော့ အမွန်း ဆိုပြမယ့် Live Performance သီချင်းလည်းနားဆင်ရဖို့ရှိပါတယ်။
ညနေ(၅)နာရီကနေ(၆)နာရီအတွင်းဆိုရင်တော့ မသစ်သစ်မြင့်ဆိုင် နဲ့ မလီလီနိုင်ကျော် တို့ရဲ့ Women Panelအမျိုးသမီးစကားဝိုင်းရှိပါတယ်။ ဒီနေ့မှာတော့ သုညဘ၀ကနေ ဘ၀သစ်တစ်ခုကို ပြန်လည်ထူထောင်ဖို့
ဘာတွေစလုပ်ကြမလဲ၊ ဘယ်လိုစိတ်ဓါတ်အင်အားတွေလိုမလဲဆိုတာ အစ်မတို့နှစ်ယောက်ကပြောပြပေးသွားမှာပါ။
 
ညနေ(၆)နာရီကနေ(၇)နာရီမထိုးခင်ထိ ရေဒီယိုပရိသတ်များကိုယ်တိုင်ဖုန်းဆက်ပါဝင်နိုင်တဲ့တာကတော့ Music Quiz အချိန်ဖြစ်ပါတယ်။ ဒါကြောင့် သီချင်းပဟေဠိအဖြေညှိချင်တဲ့သူတွေက ဖုန်းနံပါတ် ၀၁-၅၀၁၇၀၉ ကိုဆက်သွယ်ဖြေဆိုကြပါလို့။
လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့ မိုးလေ၀သသတင်းအခြေအနေတွေနဲ့ ရေဘေးသင့်ဒေသတွေအတွက် လိုအပ်တဲ့သတင်းတွေကိုလည်း အချိန်နဲ့တပြေးညီသိရှိရအောင် ကြိုးစားသတင်းပေးသွားမှာဖြစ်လို့ 87.9 MHz
Mandalay FM Radio ကို မပြတ်ဖွင့်လို့နားဆင်ကြည့်ပါနော်။