Mandalay FM Evening Show For (06.08.2015)(Thursday)

ရေဘေးသင့် ပြည်သူများအားလုံး အမြန်ဆုံး အန္တရာယ်ဘေးကင်းပြီးပြန်လည်ထူထောင်မှုတွေကို အမြန်ဆုံး လုပ်ဆောင်နိုင်ပါစေလို့ မင်္ဂလာညနေခင်းပါအဖွဲ့သားတွေက ဦးစွာ ဆုတောင်းချင်ပါတယ်။
ဒီကနေ့ ကြာသပတေးနေ့ ညနေ ၄နာရီမှာတော့ PBD Hood က တေးသံရှင်ရဲနောင်ကရေဘေးသင့်ပြည်သူများအတွက်သီဆိုထားတဲ့ သီချင်းနဲ့ ပတ်သတ်ပြီးမေးမြန်းမဲ့ တိုက်ရိုက် Interview လေးကို
နားဆင်ရင်း ရေဘေးသင့်ပြည်သူတွေအတွက် ဘယ်လိုသီချင်းမျိုးကိုနားဆင်ရမလဲဆိုတာကတော့ ညနေ ၄နာရီမှာပရိသတ်တွေက စောင့်မျှော်နားဆင်နိုင်ပါတယ်။၅နာရီဆိုရင်တော့ ရေဘေးသင့်ပြည်သူတွေရော
 လုပ်အားပေးသူတွေပါ သိသင့်တဲ့အထွေထွေကျန်းမာရေးအသိ ပညာတွေကိုမေးမြန်းဖို့အတွက် White Heart မှ ဒေါက်တာလမင်းဝင်း ကိုဖိတ်ခေါ်ထားပါတယ်။၆နာရီ ၂၀မိနစ်မှာတော့ Talk of the town အစီအစဉ်မှာတော့
ဘယ်နေရာ ဘယ်ဒေသတွေရေဘေးသင့်သူတွေအနေနဲ့ ဘယ်လိုအကူအညီတွေ လိုအပ်နေလဲ ဆိုတာကိုဖုန်းဆက်ပြောပြပေးနိုင်သလို ရေဘေးသင့် ဒေသတွေရောက်နေတဲ့ ဆီကိုကိုယ်တိုင်ကိုယ်ကျ
အကူအညီသွားရောက်ပေးနေသူတွေကိုလည်း ဖုန်းဆက်ပြီးလိုအပ်တာတွေကို မေးမြန်းသွားဖို့ ရှိပါတယ်။ညနေ ၄နာရီနဲ့ ၇နာရီထိ ပရိသတ်များနဲ့အတူ မင်္ဂလာညနေခင်းပါ အဖွဲ့သားတွေကတူတူရှိနေပါတယ်နော်။