Mandalay FM Evening Show for 05.08.2015 [Wednesday]

ဗုဒ္ဓဟူးနေ့ မင်္ဂလာညနေခင်းပါ တိုက်ရိုက်ထုတ်လွှင့်မှုရေဒီယိုစကားဝိုင်းအစီအစဉ်မှာညနေ(၄)နာရီကနေ(၇)နာရီအထိတင်ဆက်သူ ကိုဇာနည် နဲ့ နေနေ တို့ရှိနေပါတယ်။လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့
မိုးလေ၀သအခြေအနေသတင်းတွေကိုလည်းအချိန်နဲ့တပြေးညီ ထုတ်ပြန်ကြေငြာပေးသွားမှာမို့ 87.9 MHz Mandalay FMRadio ကို ဖွင့်လို့နားဆင်စေချင်ပါတယ်။ညနေ(၄)နာရီမှာ
အဆိုတော် ဆူဇီ နဲ့ ပိုပို တို့နဲ့စကားဝိုင်း။ညနေ(၅)နာရီ(၁၅)မိနစ်ဝန်းကျင်မှာ တေးရေး မင်းချစ်သူ နဲ့ စကားဝိုင်း။ညနေ(၆)နာရီကျော်ကနေ(၇)နာရီမထိုးခင်အထိရေဒီယိုပရိသတ်တွေကိုယ်တိုင်ပါဝင်စကားဆိုနိုင်တဲ့
အချစ်ရေဒီယိုအချိန်မှာအခုဖြစ်ပေါ်နေတဲ့ ရေဘေးအန္တရာယ် ခံစားနေရသူများအတွက်ကိုယ်တစွမ်းသလောက် တနိုင်တပိုင်ဆောင်ရွက်ထားတဲ့ ပရဟိတအကြောင်းတွေ၊ကိုယ့်ရဲ့အားပေးစကားမှ မေတ္တာခွန်အားရနိုင်မယ့် စကားဆိုချင်ရင်တော့
ဖုန်းနံပါတ် ၀၁-၅၀၁၇၀၉ ကို ညနေ(၆)နာရီကျော်ကနေ(၇)နာရီမထိုးခင်အထိဖုန်းဆက်ပါဝင်နိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။