နျူကလီးယားဆွေးနွေးပွဲများ ထပ်မံပြုလုပ်ရန် မြောက်ကိုရီးယား ငြင်းဆန်

အမေရိကန်တို့နှင့် စစ်ခင်းနိုင်သည့်စစ်အင်အားမျိုးရှိနေပြီဟု မကြာသေးမီကပင် ခြိမ်းခြောက်ပြောကြားခဲ့သောမြောက်ကိုရီးယားအရေး ဆွေးနွေးပွဲများထပ်မံပြုလုပ်မည့်
အစီအစဉ်ကို ငြင်းဆန်ပယ်ချလိုက်ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။
 
ယခင်ပြုလုပ်ခဲ့သည့် နျူကလီးယားဆွေးနွေးပွဲများမှ မည်သည့်သဘောတူညီချက်မျှမရဘဲ ပြီးဆုံးခဲ့သည်ဟု မြောက်ကိုရီးယားက ထောက်ပြပြောဆိုလိုက်ပြီး အမေရိကန်ပြည်ထောင်စုနှင့် ၄င်းတို့အကြား ငြိမ်းချမ်းရေးသဘောတူစာချုပ်တစ်ရပ်ချုပ်ဆိုရန်သာ ထပ်မံတောင်းဆိုလိုက်သည်။ 
 
ဝါရှင်တန်တွင်ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲတွင် အမေရိကန်သမ္မတအိုဘားမား နှင့် တောင်ကိုရီးယားသမ္မတပက်ဂွမ်ဟီးတို့က ၄င်းတို့အနေနှင့် မြောက်ကိုရီးယားအပေါ်ချမှတ်ထားသည့်စီးပွားရေးပိတ်ဆို့မှုများကို ပြန်လည်စဉ်းစားပေးသွားမည်ဖြစ်ကြောင်း ၊ သို့သော် မြောက်ကိုရီးယားနိုင်ငံဘက်ကလည်း နျူကလီးယားလက်နက်ထုတ်လုပ်မည့် ရည်မှတ်းချက်ကို အမှန်တကယ်စွန့်လွှတ်ရန်ဆန္ဒရှိကြောင်းပြသရန် လိုမည်ဖြစ်သည်ဟု ပြောကြားခဲ့ပြီးတစ်ရက်အကြာတွင် ယခုကဲ့သို့ မြောက်ကိုရီးယားနိုင်ငံခြားဝန်ကြီးဌာနက ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။
 
Credit : The VOICE Daily