နိုင်ငံတကာရေဆေးပန်ချီအသင်း မှမြန်မာနိုင်ငံတွင် ပထမဆုံးနိုင်ငံတကာ ရေဆေး ပန်းချီပွဲတော် ပြုလုပ်

မြန်မာနိုင်ငံမှာပထမဆုံးအကြိမ် အဖြစ်ပြုလုပ်တဲ့ နိုင်ငံတကာရေဆေးပန်းချီပွဲတော်ကို ဇန်န၀ါရီလ (၂၉)ရက်မှ ဖေဖော်ဝါရီလ(၁)ရက်အထိ ရန်ကုန်မြို့ The Strand Hotel မှာကျင်းပနေတာဖြစ်ပါတယ်။နိုင်ငံတကာရေဆေး ပန်းချီပွဲတော်ကို International Water Color Society Myanmar (IWS Myanmar) နဲ့ နိုင်ငံတကာရေဆေးပန်းချီ အသင်း International Water Color Society (IWS-2012)တို့က ပူးပေါင်းတင်ဆက်တာဖြစ်တယ်လို့ သိရပါတယ်။
ပွဲတော်မှာ စင်ကာပူ၊ ကနေဒါ၊ အိန္ဒိယ၊ မလေးရှား၊ ထိုင်း၊ တရုတ်စတဲ့ နိုင်ငံတွေက ပန်းချီပညာရှင်တွေရဲ့ လက်တွေ့ ပန်းချီရေးဆွဲခြင်းတွေပါဝင်ပြီး ထူးခြားတဲ့တင်ဆက်မှု တစ်ခုအနေနဲ့ မြန်မာ့ရေဆေးပန်းချီပညာရှင်များနဲ့ နိုင်ငံတကာရေဆေးပန်းချီ ပညာရှင်များက (၆၃) မီတာအရှည်ရှိတဲ့ Archie Paper ပေါ်မှာ အတူတကွ ပူးပေါင်းပြီး ပန်းချီရေးဆွဲသွားမယ့်အစီအစဉ်တွေ ပါဝင်သွားမယ်လို့ သိရပါတယ်။
အခုပြုလုပ်နေတဲ့ နိုင်ငံတကာ ရေဆေးပန်းချီပွဲတော်မှာ နိုင်ငံပေါင်း (၃၇)နိုင်ငံက ပန်းချီဆရာတွေနဲ့အတူ မြန်မာနိုင်ငံက ရေဆေးပန်းချီဆရာ (၂၆၀)ကျော်ရဲ့ ပန်းချီလက်ရာတွေကိုပါ ပါဝင်ပြသထားဖြစ်ပြီး မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပပြုလုပ်တာလည်းဖြစ်ပါတယ်။