ကြက်ငှက်တုပ်ကွေးရောဂါထိန်းချုပ်မှု ထုတ်ပြန်

ကြက်ငှက်တုပ်ကွေး ဖြစ်ပွားလျက်ရှိသည့်နေရာများတွင် ရောဂါဖြစ်ပွားမှု ထိန်းချုပ်ရန် ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေးစီမံချက်ပါ

လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။

 

 

ထားဝယ်မြို့နှင့် ရန်ကုန်မြို့မရမ်းကုန်းမြို့နယ်၌ သေဆုံးခဲ့သည့် ကြက်များတွင် Influenza Typa A/H5N1 Positive တွေ့ရှိရကြောင်း အတည်ပြုခဲ့ပြီးနောက် ယခုကဲ့သို့ သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

 

 

ယင်းသို့တွေ့ရှိမှုနှင့် ပတ်သက်၍ ကြက်ငှက်တုပ်ကွေး(H5N1)သည် လက်ရှိပျံ့နှံ့လျက်ရှိသည့် ရာသီတုပ်ကွေး(H1N1)ထက် ပိုမိုစိုးရိမ်ရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဇူလိုင်လ ၃၀ ရက်နေ့တွင် ကျင်းပသည့် H1N1 ဖြစ်ပွားမှုနှင့် ပက်သက်၍ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသည်။

 

H5N1 က ပြင်းထန်ပါတယ်။သတိထားဖို့ လိုပါတယ်။လူဆီရောက်ဖို့ ခက်ပေမယ့် ကြက်ကနေလူကို ကူးပါတယ်။လူလူချင်းတော့ မကူးပါဘူး ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ရှင်းပြသည်။

 

 

Credit - The VOICE Daily