မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ မိုးအာပိုမည်

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားသည်လာမည့်သီတင်းပတ် ယခုထက် ပိုမိုအားကောင်းလာနိုင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းဒေသ

များတွင်လည်း မိုးအာပိုလာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး  ဦးကျော်လွင်ဦးကပြောကြားသည်။

 

 

သြဂုတ်လ ၂ ရက်နေ့ဝန်းကျင်မှစ၍  မုတ်သုံလေအား ပြန်ကောင်းလာနိုင်ရာ ကမ်းရိုးတန်းဒေသများနှင့် မြောက်ပိုင်းဒေသများတွင် နေ့စဉ်မိုးရေချိန်တစ်လက်မခန့်ရရှိသည်အထိ မိုးရွာနိုင်ရန် ၈၀ ရာခိုင်နှုန်းခန့်ရှိကြောင်း ၎င်းကပြောဆိုသည်။

 

 

"လက်ရှိအခြေအနေ ခန့်မှန်းချက်တွေမှာတော့ သြဂုတ်လ ၅ ရက်နေ့ နောက်ပိုင်းမိုးအားပြန်ကောင်းလာနိုင်ပါတယ်'ဟု ဦးကျော်လွင်ဦးက ဆိုသည်။

 

နောက်နှစ်ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးအာပိုလာနိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းချက်ထုတ်ပြန်သည်။

 

Credit - The VOICE Daily