မြန်မာနိုင်ငံသတင်းစာဆရာအသင်းကဦးစီးကျင်းပပြုလုပ်တဲ့ စာအုပ်ဈေးတန်းပွဲတော်ကို ရန်ကုန်မှာပထမဦးဆုံးအကြိမ်ကျင်းပပြုလုပ်

မြန်မာနိုင်ငံသတင်းစာဆရာအသင်းက ဦးစီးကျင်းပပြုလုပ်တဲ့ စာအုပ်ညဈေးတန်းပွဲတော်ကိုတော့ ဖေဖော်ဝါရီလ(၉)ရက်မတ်လ(၉)ရက်နေ့ ထိရန်ကုန်မြို့ရှိ ဗိုလ်တထောင် ဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ House of Orchid မျက်နှာစာမျက်နှာမှာ တစ်လတာဖွင့်လှစ်ရောင်းချနေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသတင်းစာဆရာအသင်းအနေနဲ့ ရန်ကုန်မှာပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ စာအုပ်ည ဈေးတန်းပွဲတော်ကိုပြုလုပ်တာက စာပေချစ်မြတ်နိုးသူတွေ အတွက်ရောင်းချတာဖြစ်ပြီး စာအုပ်များကိုလည်း ဈေးလျှော့ရောင်းချခြင်းများကိုနှစ်စဉ် ကျင်းပပြုလုပ်သွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။
စာအုပ်ညဈေးတန်းပွဲတော်ကိုတော့ ဆိုင်ခန်းပေါင်း (၃၀)ခန့် လာရောက်ရောင်းချနေတာဖြစ်ပါတယ်။
စာအုပ်ညဈေးတန်းပွဲတော်မှာတော့ ငွေကျပ်(၅၀၀) တန်ကနေ ငွေကျပ်(၁၃၀၀၀)ထိသာရောင်းချနေတာ ဖြစ်ပြီးရရှိနိုင်တဲ့ စာအုပ်များကတော့သုတ ၊ ရသစာအုပ်တွေ အပြင် ကလေးငယ်များအတွက် ဗဟုသုတ ဖြစ်စေမယ့် စာအုပ်များ စတဲ့စာအုပ်အမျိုးအစားများအပြင် ပုံတူရုပ်ပြောင်းပန်းချီရေးဆွဲခြင်းများနှင့် ယောင်းမပေါ်မှာ ရေးသားထားတဲ့ ကဗျာဆရာများကိုယ်တိုင် ရေးသားထားတဲ့ ကဗျာများကို လည်းရောင်းချနေတာဖြစ်ပါတယ်