မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို The One Entertainment Park မှာကျင်းပမည်

 
(၂၀၁၈)မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို The One Entertainment Park မှာကျင်းပသွားမယ်လို့ သိရပါတယ်။
(၂၀၁၈)ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို Moon Myanmar Media နှင့် ABC Content Content Solution တို့က တင်ဒါအောင်မြင်ခဲ့တာဖြစ်ပြီး ဂျွန်လွင်ကပွဲအခမ်းအနား အတွက် တာဝန်ယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အကယ်ဒမီစတိတ်စင်တည်ဆောက်မှုကိုတော့ မတ်လ (၁၇)ရက်ကစတင်ပြီး တည်ဆောက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ပွဲအခမ်းအနားအတွက် မီးအသံစတိတ်နေရာ ပြင်ဆင်တာတွေ အလှဆင်တာတွေ စားသောက်စရိတ် စီမံခန့်ခွဲမှုတွေနဲ့ အတွက် သိန်း (၈၀၀)ကနေ (၈၈၀) ကြားအသုံးပြုသွားမှာ လို့သိရပါတယ်။
The One Entertainment Park မှာတော့လူဦးရေ(၃၀၀၀) ကနေ (၃၂၀၀)ထိဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းထားတယ်လို့သိရပါတယ်။ သတင်းယူမယ့် မီဒီယာတွေလည်းများပြားတာကြောင့် စိစစ်မှုတွေ ပြုလုပ်သွားမှာဖြစ်သလို လူဦးရေကန့်သတ်ချက်တွေနဲ့ ၀င်ရောက်ခွင့်ပြုသွားမှာလို့သိရပါတယ်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို မတ်လ(၂၃)ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ကလို တစ်သတ်တာထူးချွန်ဆုအပြင် အထူးဆုများကိုပါချီးမြှင့်သွားဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။