မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂပိတ်ဆို့မှု ဂျပန်နှင့်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေး

မြောက်ကိုရီးယားနိုင်ငံအပေါ် ပိတ်ဆို့မှုအသစ်တွေပြုလုပ်ထားတဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် တွေကို သက်ဆိုင်ရာနိုင်ငံတွေက အထမြောက်အောင်လုပ်ဆောင်ရေးကို ဂျပန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေခဲ့ပါတယ်။ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးအသစ် တာရိုကိုနိုနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်တို့ဟာ ဖီလစ်ပိုင်နိုင်ငံမြို့တော် မနီလာမှာ ဒီကနေ့ ပထမဆုံးတွေ့ဆုံခဲ့ကြတာပါ။
 
ဒါ့ပြင် လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုအသစ်တွေကို ချမှတ်မှုကို တညီတညွတ်တည်း အတည်ပြုခဲ့ပြီးနောက်မှာ ၀န်ကြီး ၂ ဦးရဲ့တွေ့ဆုံမှု ထွက်ပေါ်လာတာပါ။ အမေရိကန်-ဂျပန် မဟာမိတ်ဖြစ်ရေးဟာ ငြိမ်းချမ်း တည်ငြိမ်ရေးရဲ့အခြေခံဖြစ်တယ်ဆိုတာကို ၀န်ကြီးတွေက သဘောတူညီထားကြပါတယ်။ ဒါ့ပြင် မဟာမိတ် ဆက်ဆံရေးခိုင်မြဲဖို့ နှစ်နိုင်ငံနိုင်ငံခြားရေးနဲ့ကာကွယ်ရေးအကြီးအကဲတွေကြား ဆွေးနွေးပွဲတွေပြုလုပ်သွားရေးကိုလည်း ၀န်ကြီးတွေက သဘောခဲ့ကြပါတယ်။
 
နိုင်ငံခြားရေးဝန်ကြီး တွေဟာ တောင်တရုတ်ပင်လယ်အရေး အခြေအနေကိုလည်း စိုးရိမ်ကြောင်း ဆွေးနွေးထားကြ ပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုဖြစ်စေမဲ့လုပ်ရပ်မှန်သမျှကို ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ဝန်ကြီးတွေက ပြောဆိုထားပါတယ်။