ရွှေဈေးဆက်တိုက်တက်

ယခုလအတွင်း ရွှေဈေးဆက်တိုက် မြင့်တက်လျက်ရှိရာ သီတင်းလေးပတ် အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်နှစ်သောင်းကျော် ဈေးတက်လာကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။
ရွှေဈေး ဆက်တိုက်မြင့်တက်နေသောကြောင့် ရွှေဘုံသာ အခေါက်ရွှေလက်ကားဈေးကွက်အတွင်း ၀ယ်လိုအား သိသိသာသာ ကျဆင်းသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်က ပြောကြားသည်။
''အ၀ယ်မလိုက်ဘူး။ ဈေးမြင့်တဲ့ အတွက် ရှိတဲ့သူကိုင်ထားပြီး ဈေးလိုက်ဖျက်နေတာ'' ဟု၎င်းက ဆိုသည်။
ရွှေဈေးဆက်တိုက်မြင့်တက်နေခြင်းမှာ အမေရိကန်ဒေါ်လာဈေးကြောင့်ဖြစ်ပြီး အတက်အကျကို ခန့်မှန်းရခက်နေကြောင်း ရွှေလုပ်ငန်းရှင် ဦးဝင်းမြင့်ကပြောကြားသည်။
သြဂုတ်လ ၁ ရက်နေ့က အခေါက်ရွှေတစ်ကျပ်သား လျှင် ၂၂၁၀၀ ကျပ် ဈေးတက်နေကြောင်း ရွှေဈေးကွက်အတွင်းမှသိရသည်။
 
Credit - The Voice