ဒေါ်အောင်ဆန်းစုကြည် ရခိုင်အရေးနှင့်ပတ်သက်၍ ယနေ့ ည ၈ နာရီ မိန့် ခွန်းပြောကြားမည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ယနေ့ (အောက်တိုဘာ ၁၂ရက်)ည ၈နာရီတွင် ပြည်သူလူထုအား မိန့် ခွန်းပြောကြားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

 
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဒုက္ခရောက်နေသူအားလုံးကို ခွဲခြားမှုမရှိဘဲ လူသားချင်းစာနာကူညီထောက်ပံ့မှုများကို ပြည်သူလူထုတစ်ရပ်လုံး ပါဝင်သည့် ရှေ့ ပြေးစီမံချက်တစ်ရပ်အဖြစ် အကောင်အထည်ဖော်မည်ဖြစ်ပြီး ယင်းအစီအစဉ်ကို အောက်တိုဘာ ၁၆ ရက်တွင် စတင်မည်ဟု ဒေါက်တာဝင်းမြတ်အေးက ဆက်လက်ပြောကြားသည်။
 
 
Credit : 7 Day Daily