ဒေါ်နယ်ထရမ့် ဂျူနီယာအပေါ် အိမ်ဖြူတော် ကာကွယ်ပြောဆို

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သားအကြီးဆုံးဟာ ပြီးခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်ကာလတုန်းက ရုရှားရှေ့နေ တစ်ယောက်
နဲ့တွေ့ဆုံခဲ့တဲ့ လုပ်ရပ်ဟာ ဘာမှမှားယွင်းတဲ့ အပြုအမူ မဟုတ်ဘူးဆိုပြီး အိမ်ဖြူတော်က ကာကွယ်ပြောဆိုပါတယ်။
 
 
ဒီတွေ့ဆုံမှုရဲ့ နောက်ဆက်တွဲ ဘာဆိုးကျိုးမှ မဖြစ်ပေါ်ခဲ့ဘူးလို့ အိမ်ဖြူတော် ပြောခွင့်ရ ဆာရာ ဟပ်ကာဘီ-ဆန်ဒါစ်က ဆိုပါတယ်။အဲဒီရုရှားရှေ့နေဟာ သူ့ဆီမှာ ဟီလာရီ ကလင်တန်ကို ထိခိုက်စေနိုင်တဲ့ သက်သေ အထောက်အထားတွေ ရှိတယ်လို့ ပြောဆိုထားသူဖြစ်ပါတယ်။
 
 
ဒေါ်နယ်ထရမ့် ဂျူနီယာကတော့ သူ့အနေနဲ့ အမေရိကန် ဆီးနိတ်လွှတ်တော် စုံစမ်းရေး ကော်မတီရှေ့မှောက် လာရောက်ဖြေကြားဖို့ အသင့်ပဲဆိုပြီး တွစ်တာ လူမှုကွန်ရက်ပေါ်ရေးသားထားတယ်လို့ BBC သတင်းအရ သိရပါတယ်။