ဒေါ်နယ်ထရန့်နှင့်ရုရှား ဆက်ဆံရေးကို စုံစမ်းရန် FBI အကြီးအကဲဟောင်းမူလာကို ခန့်အပ်

လွှတ်တော်၏ ဖိအားပေးမှုကို ရင်ဆိုင်နေရသည့် အမေရိကန်သမ္မတရွေးပွဲတွင် ရုရှားတို့ကြားဝင်စွက်ဖက်မှု၊ ထရမ့်၏မဲဆွယ်အဖွဲ့နှင့် မော်စကိုအကြား ပူးပေါင်းကြံစည်မှု တို့ကို စုံစမ်းစစ်ဆေးရန် အတွက်
FBI အကြီးအကဲဟောင်း ရောဘတ်မူလာကို အထူးအရာရှိအဖြစ် ဗုဒ္ဓဟူးနေ့က ခန့်အပ်တာဝန်ပေးလိုက်သည်ဟု Reuters သတင်းတွင်ဖော်ပြထားသည်။
 
 
 
FBI ညွှန်ကြားရေးမှူး ဂျိမ်းကိုမီကို အိမ်ဖြူတော်က ထုတ်ပယ်ခဲ့ပြီး တစ်ပတ်အကြာတွင် ယခုကဲ့သို့ ခန့်အပ်မှုထွက်ပေါ်လာခြင်းဖြစ်သည်။  ဒီမိုကရက်များသာမက ရီပတ်ပလစ်ကန်များကပါ ရွေးကောက်ပွဲတွင်
ရုရှားတို့ကြားဝင်စွက်ဖက်နိုင်မှုကို စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ကြသည်။
 
 
 
တရားရေးဌာန၏ ကြေညာချက်အပြီးတွင် သမ္မတထရမ့်က ၄င်း၏အဖွဲ့နှင့်ပြည်ပအဖွဲ့အစည်းတစ်ခုအကြား ပူးပေါင်းကြံစည်မှုမရှိခဲ့ကြောင်း၊ ဤကိစ္စကို အမြန်ဆုံးဖြေရှင်းနိုင်အောင် ကြိုးစားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။