အမေရိကန်သံတမန်(၇၅၀)ကျော်ကို ရုရှားနှင်ထုတ်

ရုရှားနိုင်ငံထဲရောက်နေတဲ့ အမေရိကန်သံတမန်ဝန်ထမ်း(၇၅၀)ကို နိုင်ငံထဲကနေ နှင်ထုတ်တဲ့ အမိန့်ကို ရုရှားသမ္မတပူတင်က

ထုတ်ပြန်လိုက်ပါတယ်။ဒါ့ကြောင့် ဒီလိုသံတမန်နှင်ထုတ်မှုဖြစ်စဉ်ဟာ ခေတ်သစ်သမိုင်းမှာ ပထမဆုံးဖြစ်စဉ်ဖြစ်စဉ်ဖြစ်လာပါတယ်။ရုရှားနိုင်ငံကို အမေရိကန်က ပိတ်ဆို့မှု အသစ်တွေပြုလုပ်တာအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ သမ္မတပူတင်ဟာ အမေရိကန်သံတမန် (၇၅၅)ဦးကို စက်တင်ဘာလ (၇)ရက်မှာနောက်ဆုံးထားထွက်ခွါသွားဖို့ အမိန့်ထုတ်ပြန်လိုက်တာပါ။

 

 

ဒါ့ပြင် ရုရှားအစိုးရဟာ အမေရိကန်သံတမန်တွေအသုံးပြုတဲ့ ဂိုထောင်တစ်လုံးနဲ့ ခြံဝန်းတွေကိုလည်း သိမ်းထားလိုက်ပြီဖြစ်ပါတယ်။နောက်ထပ်ပိတ်ဆို့မှုဆိုင်ရာ စီမံချက်တွေကို ထပ်ပြီးစဉ်းစားမယ်လို့ သမ္မတပူတင်က ပြောပါတယ်။အမေရိကန်အစိုးရကတော့ ရုရှားရဲ့ အခုလုပ်ရပ်ဟာ နောင်တရစရာလုပ်ရပ်ဖြစ်တယ်လို့ပြောပါတယ်။လက်ရှိမှာ အခုကန့်သတ်ချက်ရဲ့ ရိုက်ခတ်မှုကိုဆက်လေ့လာနေသလို ဘယ်လိုတုံ့ပြန်မယ်ဆိုတာကို သုံးသပ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။