အမေရိကန်ဗုံးကြဲလေယာဉ်များ ကိုရီးယားကျွန်းဆွယ်တွင်ပျံသန်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မြောက်ကိုရီးယားနိုင်ငံကနေ ပြုလုပ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို ဘယ်လိုတုန့် ပြန်မယ်ဆိုတာကို ကာကွယ်ရေးအရာရှိတွေနဲ့ ဆွေးနွေးဖို့ ရှိနေချိန်မှာပဲ အမေရိကန်ဗုံးကြဲလေယာဉ်တွေဟာ
ကိုရီးယားကျွန်းဆွယ်မှာ ပျံသန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
 
အမေရိကန်တပ်ဖွဲ့ တွေဟာ အင်္ဂါနေ့ ညမှာ B-1B တာဝေးဗုံးကြဲလေယာဉ်တွေကို ကိုရီးယားကျွန်းဆွယ်က ကောင်းကင်မှာ ပျံသန်းခဲ့ပါတယ်။ ဒီပျံသန်းမှုဟာ ပူးတွဲစစ်ရေးလေ့ကျင့်မှုဖြစ်ပြီး ဂူအမ်လေတပ်အခြေစိုက်စခန်းကနေရောက်လာတဲ့ B-1B ဗုံးကြဲလေယာဉ်တွေနဲ့ တိုက်လေယာဉ်(၂)စင်းပါဝင်တယ်လို့  အမေရိကန်ဘက်က အတည်ပြုပါတယ်။
 
အမေရိကန်တပ်ဖွဲ့ တွေဟာ ဗုံးကြဲလေယာဉ်တွေကို ကိုရီးယားကျွန်းဆွယ်ပေါ်မှာ နေ့ အချိန်တွေမှာပဲ ပျံသန်းလေ့ရှိပေမဲ့ အခုလို ညအချိန်ပျံသန်းတာဟာ ပြုံရမ်းအပေါ် စစ်ရေးဖိအားတိုးမြှင့်ပေးလိုတာကြောင့်လို့ လေ့လာသုံးသပ်မှုတွေရှိနေပါတယ်။