အခုဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံးတွင် သစ်တန်ချိန် (၄၀၀၀၀)ကျော် ဖမ်းမိထား

ဒီနှစ်(၂၀၁၆-၂၀၁၇)ဘဏ္ဍာနှစ်အတွင်း နိုင်ငံတ၀ှမ်းကနေ တရားမ၀င်သစ်တန်ချိန် (၄သောင်း) ကျော် ဖမ်းဆီးရမိထားတယ်လို့ သစ်တောဦးစီးဌာနက

ထုတ်ပြန်လိုက်ပါတယ်။အခုတရားမ၀င် သိမ်းဆည်းထားတဲ့သစ်တွေမှာ ကျွန်း၊သစ်မာနဲ့အခြားသစ်တွေအပါအ၀င်(၄၀၅၆၈)တန်ကို ဖမ်းမိထားတာပါ။ဒါဟာ

ဆယ်နှစ်တာကာလအတွင်း ဒုတိယအများဆုံးဖမ်းဆီးရမိခဲ့တာလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာတော့ သစ်တန်ချိန် (၄သောင်း ၁ ထောင်)ကျော် အထိ ဖမ်းဆီးရမိခဲ့တယ်လို့ သစ်တောဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး

က ပြောကြားထားပါတယ်။ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်န၀ါရီလ(၂၄)ရက်ကလည်း ပြည်ပကို တရားမ၀င် တင်ပို့ဖို့ ကွန်တိန်နာတွေနဲ့ထည့်ထားတဲ့ သစ်တွေကိုလည်းြ

မန်မာ့စက်မှုဆိပ်ကမ်း(MIP)မှာ ဖမ်းဆီးရမိခဲ့ပါသေးတယ်။အဲ့ဒီနောက်မှာတော့ ကွင်းဆက်အရ ဆက်လက်ဖော်ထုတ်ဖမ်းဆီးရာမှာ ပြည်ပကို တင်ပို့မယ့် ကုမ္ပဏီရဲ

့ မင်္ဂလာဒုံဝင်းထဲက ခြံအပါအ၀င် တခြားလုပ်ငန်းရှင်တွေရဲ့ ရွှေပြည်သာနဲ့လှိုင်သာယာက ခြံဝင်းတွေထဲကလည်း သစ်တွေဖမ်းမိခဲ့ပါသေးတယ်။

သစ်တောဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရတော့ ဒီလအစောပိုင်း(၉)ရက်တာကာလ အတွင်း သစ်တန်ချိန်(၉၀၀)နီးပါးအထိဖမ်းမိခဲ့ပြီး ကျပ်သိန်းပေါင်း(၂၆၀၀၀)ဖိုးေ

လာက်ရှိတယ်လို့ သိရပါတယ်။လက်ရှိမှာတော့ ပြည်ပကို တရားမ၀င်သစ်တင်ပို့ဖို့ ပြင်ဆင်နေတဲ့ ကုမ္ပဏီအပါဝင်၊ ပွဲစား၊ခြံရှင်နဲ့ဂိုဒေါင်မှူးတွေကို သစ်တောဥပဒေ

ပုဒ်မ ၄၃(က)၊၄၂(ခ)နဲ့အရေးယူဆောင်ရွက်နေ တယ်လို့သိရပါတယ်။သစ်တောဦးစီးဌာနအနေနဲ့ နိုင်ငံတစ်ဝန်းမှာရှိတဲ့ ကြိုးဝိုင်း၊ကြိုးပြင် သစ်တောတွေကို

ထိန်းသိမ်းကာကွယ်နေရာမှာ တရားမ၀င်ခိုးထုတ်ခြင်းတွေကို သစ်တြော

ကိုးဝိုင်း လမ်းကြောင်းနဲ့ဆက်စပ်ရှာဖွေဖမ်းဆီးနေတယ်လို့လည်း တာဝန်ရှိသူကပြောကြားထားပါတယ်။