လမ်းဘေးလျှပ်စစ်မီးတိုင်များတွင် LED မီးလုံး ၁၀၀၀ ကျော် တပ်ဆင်ရန်ခွင့်ပြု

၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်အတွင်း လျှပ်စစ်မီးထွန်းထားခြင်းမရှိသော လမ်းမီးတိုင်များတွင် LED မီးလုံး ၁၀၀၀ တပ်ဆင်ရန် ခွင့်ပြုထားပြီးဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကပြောကြားသည်။
 
 
ယင်းသို့တပ်ဆင်ရာ၌ အောင်မြေသာစံမြို့နယ်တွင် လေးနေရာ၊ ချမ်းအေးသာစံမြို့နယ်တွင် လေးနေရာ၊ မဟာအောင်မြေမြို့နယ်တွင် ခြောက်နေရာ၊ ချမ်းမြသာစည်မြို့နယ်တွင် သုံးနေရာ၊ ပြည်ကြီးတံခွန်မြို့နယ်တွင် လေးနေရာ၊
 အမရပူရမြို့နယ်တွင် နှစ်နေရာဖြစ်ပြီး LED မီးလုံး ၁၀၀၀ တပ်ဆင်ရန် ခွင့်ပြုထားသည်ဟု ၄င်းကပြောဆိုသည်။
 
 
မန္တလေးမြို့တော်စည်ပင်အနေနဲ့ လမ်းမီးတိုင်တွေကို LED မီးလုံးတွေနဲ့ အစားထိုး တပ်ဆင်မှုတွေကို ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်ကစပြီး တပ်ဆင်နေပါတယ်။ ကျုံးတောင်ဘက်ခြမ်းနဲ့ အရှေ့ဘက်ခြမ်းလမ်းလယ်ကျွန်းတွေမှာလည်း
လျှပ်စစ်ကော်ပိုရေးရှင်းက မီးလုံးတွေတပ်ဆင်နေတယ်။ မြို့ပေါ်လမ်းမီးတိုင်တွေမီးလုံးကျွမ်းသွားတဲ့ဟာတွေကိုလည်းလျှပ်စစ်ပြင်တဲ့ ယာဉ်တွေသုံးပြီး မိုဘိုင်းလ် Team ပုံစံနဲ့ ပြင်နေပါတယ်။ လျှပ်စစ်မီးလင်းရေးလုပ်ငန်းတွေက
ဘတ်ဂျက်ခွင့်ပြုမှုပေါ်မူတည် ဆောင်ရွက်နေတာ ဟု ဒေါက်တာရဲလွင်ကရှင်းပြသည်။