Home
Who We Are
Social Wall
News
Program
Schedule
podcast
Contact Us
87.9 MHz -
Mandalay FM - Your Radio , Your Friend
Your browser does not support the audio element.
လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် H1N1 သေဆုံးမှုမြင့်တက်
ဧရာဝတီတိုင်းဒေသကြီးတွင် လူဦးရေသိပ်သည်းမှု၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတို့ကြောင့် ရောဂါဖြစ်ဖြစ်ချင်း ဆေးကုသမှုမခံရသည့်အတွက် သေဆုံးမှုမြင့်တက်ရကြောင်း တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာ လှမြတ်သွေးက ပြောကြားသည်။ သြဂုတ် ၃၁ ရက်ကကျင်းပသော တိုင်းဒေသကြီးလွှတ်တော် ငပုတောမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှဦးဖြိုးဇော်ရွှေ က ရာသီတုတ်ကွေးရောဂါ Seasonal Influenza A (H1N1)pdm 09 Virus နှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေး ကုသရေး အသိပညာပေးမှု သတင်းထုတ်ပြန်မှုအပေါ်စီမံဆောင်ရွက်ထားမှုနှင့် ပတ်သက်ပြီး သိရှိလိုကြောင်းမေးမြန်း ရာ အထက်ပါအတိုင်း ပြောကြားသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စက်တက်ဘာ ၂ရက်ထုတ်ပြန်ချက်အရ သြဂုတ်လ ၂၃ရက်မှ စက်တင်ဘာလ ၂ရက်မွန်းလွဲ ၂နာရီအထိ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်းအေ၇ာဂါဖြင့် ပိုးတွေ့လူနာ ၃၆၉ ဦးရှိပြီး သေးဆုံးသူ ၃၆ဦးရှိကြောင်း သေဆုံးသူများအနက် ဧရာဝတီတိုင်းတွင် ၁၂ဦး ရန်ကုန်တိုင်းတွင် ၈ဦးပဲခူးတိုင်းတွင် ၆ဦး အခြားတိုင်းနှင့်ပြည်နယ်တို့တွင် ၁၀ဦးသေဆုံးခဲ့သည်။