လန်ဒန်က အထပ်မြင့်အဆောက်အအုံ မီးလောင်

ဗုဒ္ဓဟူးနေ့မနက်အစောပိုင်းက လန်ဒန်မြို့မှာ လူနေထပ်မြင့် အဆောက်အအုံတလုံးမီးလောင်ခဲ့ရာမှ လူ ၆ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

 

 

အဲဒီအဆောက်အအုံမှာ အိပ်ခန်းပေါင်း တစ်ရာကျော်ရှိပြီး မိသားစုတော်တော်များများဟာ မီးထဲပိတ်မိနေခဲ့ကြပါတယ်။

 

 

မီးသတ်တပ်ဖွဲ့ဝင်တွေက တစ်ချို့ကိုတော်တော်စွန့်စွန့်စားစားနဲ့ကယ်ထုတ်နိုင်ခဲ့ကြပါတယ်။

 

 

၇၄ ဦးကို ဆေးရုံတင်ကုသပေးနေရပြီး အဲဒီထဲက ၂၀ ဦးထက်မည်းဟာ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။

 

 

ဒီမီးလောင်မှုဖြစ်ပွားခဲ့တဲ့ ဂရန်ဖဲလ် တာဝါ အဆောက်အအုံဟာ ၂၄ ထပ်မြင့်ပြီး လန်ဒန် အနောက်ပိုင်းမှာ တည်ရှိတာဖြစ်ပါတယ်။

 

 

အဆောက်အအုံဆီကို အလွယ်တကူ မ၀င်ရောက်နိုင်တာကြောင့် ခက်ခက်ခဲခဲ ငြှိမ်းသတ်ခဲ့ရပါတယ်။