ရာသီတုတ်ကွေး H1N1 ရောဂါဖြစ်ပွားမှုနှုန်းကျဆင်းလာ

စက်တင်ဘာ ၂ရက်ကနေ ၁၁ရက်အတွင်း ရာသီတုတ်ကွေးရောဂါကြောင့် သေဆုံးသူတစ်ဦးသာရှိခဲ့သောကြောင့် ရာသီတုတ်ကွေး H1N1 ရောဂါဖြစ်ပွားသေဆုံးမှုနှုန်းကျဆင်းလာတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
 
 
 စာသင်ကျောင်း၊ လုပ်ငန်းခွင်၊ ဟိုတယ်၊ လူမှုရေးရာရိပ်သာ၊ ဂေဟာများနဲ့ လူစုလူဝေးရှိတဲ့နေရာတွေမှာ တုပ်ကွေးလက္ခဏာ ဖြစ်ပွားမှုတွေ လျော့နည်းလာတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
 
 
ရာသီတုပ်ကွေးရောဂါဖြစ်ပွားနေကြောင်း အတည်ပြုထုတ်ပြန်တဲ့ ဇူလိုင်လ ၂၁ရက်ကနေ စက်တင်ဘာလ ၁၁ရက်အထိ တစ်နိုင်ငံလုံးမှာ ရာသီတုတ်ကွေးရောဂါကြောင့် သေဆုံးသူ (၃၇)ဦးအထိရှိခဲ့ပါတယ်။ ပိုးတွေ့လူနာဦးရေကတော့ (၃၉၀) ကျော်ရှိလာတယ်လို့ သိရပါတယ်။ တိုင်းဒေသကြီးပြည်နယ်အလိုက် ရာသီတုပ်ကွေးရောဂါကြောင့် သေဆုံးသူစာရင်းအရ ဧရာဝတီတိုင်းဒေသကြီးမှာ သေဆုံးသူ (၁၂)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှာ (၈)ဦး၊ ပဲခူးဆိုင်းဒေသကြီးမှာ (၆)ဦးနဲ့ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ သေဆုံးသူ (၁၁)ဦးရှိခဲ့တယ်လို့သိရပါတယ်