ရန်ကုန်မြို့ အာဇာနည်ဗိမာန်ကဲ့သို့ ပုံသဏ္ဍာန်တူ မန္တလေး၌တည်ဆောက်၍ အာဇာနည်နေ့ အခမ်းအနား ကျင်းပမည်

ဇူလိုင် ၁၉ ရက်တွင်ကျင်းပမည့် (၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်ရာ တည်ဆောက်မှုလုပ်ငန်းများ ဇူလိုင် ၁၇ ရက်တွင် ပြီးစီးမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေးအဆောက်အအုံနှင့် ကုန်ရုံဌာမှသိရသည်။ အဆိုပါအာဇာနည် ဗိမာန်ပုံတူကို တည်ဆောက်ပြင်ဆင်နေခြင်းဖြစ်၍ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ဇူလိုင် ၁၂ ရက်တွင် သွားရောက်စစ်ဆေးခဲ့ပြီး ၁၆ ရက်၌ရာခိုင်နှုန်း ၈၀ ပြီးစီး နေပြီဖြစ်သည်။
'' အာဇာနည်နေ့မှာ ခေါင်းဆောင်ကြီးများကို လွမ်းသူ့ပန်းခွေချအလေးပြုဖို့အတွက် ရန်ကုန်မှာရှိတဲ့ အာဇာနည်ဗိမာန်ပုံစံအတိုင်း တည်ဆောက်နေပါတယ်။ ဗိသုကာဆရာကြီး ဦးစန်းဦးဖော်ဆောင်ထားတဲ့ ကြယ်ပွင့် ကြွေလွင့်သွားတဲ့ဒီဇိုင်းပုံစံကို အင်မတန်နှစ်သက်လေးစားမိတယ်'' ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်ကပြောဆိုသည်။
ယင်းကဲ့သို့ ပုံစံတူပြုလုပ်ခြင်းမှာ အာဇာနည်ဗိမာန်၏ ဗိသုကာလက်ရာနှင့် နိုင်ငံအတွက် အသက်ပေးခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားသောအားဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးနိုင်ရန် ဗိုလ်ချုပ်အောင်ဆန်းနှင့်ပုံစံတူ ဓာတ်ပုံ၊ ရုပ်တုပုံများကို ထားရှိမည်ဖြစ်သည်။
 
Credit - Myanmar Times