Home
Who We Are
News
Program
Schedule
podcast
Contact Us
87.9 MHz -
Mandalay FM - Your Radio , Your Friend
Your browser does not support the audio element.
ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးတွင် သားအိမ်ခေါင်းကင်ဆာကို မိနစ်(၃၀) နှင့် ဓာတ်အပ်စိုက် ကုသမှုပေးနိုင်တော့မည်
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ သားအိမ်ခေါင်းကင်ဆာကို မိနစ်(၃၀)နှင့် ဓာတ်အပ်စိုက်ကုစမှု ပေးနိုင်တော့မှာဖြစ်တယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာဓာတ်ရောင်ခြည်ဌာနမှ ပါမောက္ခဌာနမှူးကပြောပါတယ်။ ယခင်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ၊ ကင်ဆာဓာတ်ရောင်ခြည်ဌာနမှာ သားအိမ်ခေါင်းကင်ဆာအတွက် ဓာတ်အပ်စိုက်ကုသမှုခံယူရမယ်ဆိုရင် ၄၈ နာရီကြာတယ်လို့သိရပါတယ်။
ကုသချိန်ကြာမြင့်တာကတော့ လူနာတွေမှာ ဆေးရုံတက်ရတာနဲ့ စောင့်ဆိုင်းကုသရတဲ့ အခက်အခဲတွေ ရှိတယ်လို့သိရပါတယ်။
ဒါကြောင့်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သားအိမ်ခေါင်းကင်ဆာကို ကုသရာမှာ အဆင်ပြေစေဖို့ ပြင်းအားနှုန်းမြင့် ဓာတ်အပ်စိုက်ကုသစက်ကို ၀ယ်ယူပေးခဲ့ပါတယ်။
ထိုစက်နဲ့ ကုသရင် သားအိမ်ခေါင်းကင်ဆာရောဂါသည် လူနာတစ်ဦးကို မိနစ်(၃၀)သာကြာမြင့်ပြီး တစ်ပတ်ကို လူနာ (၁၀)ဦး ကုသမှုပေးနိုင်တာကြောင့် အရင်ကလို စောင့်ဆိုင်းရတာတွေ ဆေးရုံတက်ရတာတွေမရှိဘဲ တစ်လကို လူနာအယောက်လေးဆယ်အထိ ကုသမှုပေးနိုင်တော့မှာ ဖြစ်တယ်လို့ ကင်ဆာဓာတ်ရောင်ခြည်ဌာနမှ ပါမောက္ခဌာနမှူးကပြောပါတယ်။
ဓာတ်အပ်စိုက်ကုသမှုတွေကိုတော့ ကင်ဆာကုသဆောင် အဟောင်းမှာပဲ ဆက်လက်ဆောင်ရွက်မှာဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာ လူနာတွေအနေနဲ့ ဓာတ်ရောင်ခြည်ကုသမှုအပြင် ဓာတ်အပ်စိုက်ကုသမှုကိုပါ တစ်ရက်အတွင်း ကုသမှုခံယူနိုင်တော့မှာ ဖြစ်ပါတယ်။