ရန်ကုန်ဆေးရုံကြီးမှ စည်းကမ်းမဲ့ဈေးသည်များကို ရှင်းလင်းမည်

ရန်ကုန်ဆေးရုံကြီးအတွင်းရှိ စည်းကမ်းမဲ့ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များကို ရန်ကုန်တိုင်းအစိုးရ စီမံချက်ဖြင့် ယခုလအတွင်း ရှင်းလင်းရန် စီစဉ်ထားကြောင်း ရန်ကုန်ဆေးရုံကြီး လက်ထောက်ဆေးရုံအုပ် ဒေါက်တာနေ၀င်းသိန်းက ပြောကြားထားသည်။
'' စီမံချက်တော့ လုပ်နေတုန်းပဲ လောလောဆယ် တိုင်းအစိုးရဆီက ခွင့်ပြုမိန့်စောင်နေတယ်။ သိပ်မကြာခင် အားလုံးရှင်းသွားမှာပါ '' ဟု ၎င်းကဆိုသည်။
ရန်ကုန်ဆေးရုံကြီးအတွင်း၌ စည်းကမ်းမဲ့ ခေါင်းရွက် ဗျပ်ထိုးဈေးသည် တစ်ရာနီးပါးက လူနာဆောင်များ၊ နားနေဆောင်များအပါအ၀င် စင်္ကြန်အမိုးများအောက်တွင် နေ့စဉ်ဝင်ရောက် ဈေးရောင်းချနေခြင်းဖြစ်ပါတယ်။ဆေးရုံကြီး အုပ်ချုပ်ရေးအဖွဲ့က အကြိမ်ကြိမ် တားမြစ်ခဲ့သော်လည်း လိုက်နာခြင်းမရှိသည့် အတွက် တိုင်းအစိုးရစီမံချက်ဖြင့် ရှင်းလင်းပေးရန် စာတင်တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စည်းကမ်းမဲ့ဈေးသည်များကို ဆေးရုံကြီးကြပ်ရေးကော်မတီ အပါအ၀င် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်းကာ ရှင်းလင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တွဲဖက်  အတွင်ရေးမှူး ဦးသန်းကပြောသည်။
ထို့ပြင် ယခုရက်ပိုင်း၌ ရန်ကုန်ဆေးရုံကြီးအတွင်းရှိ တရားဝင်ဆိုင်ခန်းဖြင့် ရောင်းချခွင့်ပြုထားသော ဈေးသည် ၇၀ ခန့်ကို ပြန်လည်စစ်ဆေး၍ စာရင်းကောက်ယူလျက်ရှိကြောင်း ရန်ကုန်ဆေးရုံကြီး လကထောက် ဆေးရုံအုပ် ဒေါက်တာနေ၀င်းသိန်းက ဆိုသည်။