Home
Who We Are
News
Program
Schedule
podcast
Contact Us
87.9 MHz -
Mandalay FM - Your Radio , Your Friend
Your browser does not support the audio element.
ရန်ကုန်ကျူးကျော်များထားရန် တွံတွေးမြို့ နယ်ကို ရွေးချယ်
ရန်ကုန်တိုင်းအတွင်း အသိအမှတ်ပြုကျူးကျော်စမတ်ကတ် ထုတ်ပေးထားသူများကို ထားရှိရန် တွံတွေးမြို့ နယ်ကို ရွေးချယ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊မြို့ ပြနှင့်အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
လှိုင်သာယာမြို့ နယ်နှင့် တွံတွေးမြို့ နယ်အစပ်ရှိ မြေဧက ၅၀၀ တွင် တန်ဖိုးနည်းအိမ်ရာကဲ့သို့  တိုက်ခန်းတွဲများကို ပြည်ပငွေကြေးအကူအညီနှင့် ယခုနှစ်ကုန်ပိုင်းတွင် စတင်ဆောက်လုပ်မည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုအတွင်း တရားမ၀င်နေထိုင်သည့် ကျူးကျော်နေထိုင်သူ ဦးရေ ၄၃၁,၀၅၀ခန့် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ထံမှ သိရသည်။