ရခိုင်ပြည်နယ်အတွင်း ဒုက္ခရောက်နေကြတဲ့ ဒေသခံတိုင်းရင်းသားများအတွက် ကူညီထောက်ပံ့မှုတွေပြုလုပ်

ရွှေပြည်သာစက်မှုဇုန်အပိုင်း(၁)၊ သာဓုကန်စက်မှုဇုန်၊ ၀ါးတစ်ရာစက်မှုဇုန်ရှိ စက်မှုလုပ်ငန်းရှင်၊ စေတနာရှင်များက ရခိုင်ပြည်နယ်အတွင်း ဒုက္ခရောက်နေကြတဲ့ ဒေသခံတိုင်းရင်းသား ပြည်သူများ အတွက် ကူညီထောက်ပံ့မယ့် လှူဒါန်းပွဲကို စက်တင်ဘာလ(၁၂)ရက်က ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်အနီးရှိ ရခိုင်ပြည်နယ်ဓမ္မာရုံမှာ ပြုလုပ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဒုက္ခရောက် နေကြတဲ့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များရှိ ဒေသခံတိုင်းရင်းသားများကို ကူညီပေးနိုင်ရန်အတွက် ရခိုင်ပြည်နယ်ဘေးဒုက်္ခကယ်ဆယ်ရေးကော်မတီ(ရန်ကုန်)ကို ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်မှ ဦးဆောင်ဖွဲ့စည်းထားကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေတာဖြစ်တယ်လို့ပြောပါတယ်။
 
ရခိုင်ပြည်နယ် ပြည်သူများအတွက် စက်တင်ဘာလ(၅)ရက်မှ(၁၂)ရက်နေ့အထိ နေ့စဉ် အလှူငွေနဲ့ အလှူပစ္စည်းများဖြစ်တဲ့ ဆန်၊ ရေသန့်ဘူး၊ အထတ်အထည်များ၊ ဆပ်ပြာဆီ၊ အစားအသောက်စတဲ့ လှူဒါန်းပစ္စည်းများ တန်ဖိုးငွေကျပ်(၁၄၅သိန်း၂သောင်း)ကျော်နဲ့ လှူဒါန်း ငွေကျပ်(၂၇၄သိန်း၎သောင်း)ကျော်၊ စုစုပေါင်းတန်ဖိုးငွေကျပ်(လေးရာ့ကိုးသိန်း)ကျော်ကို လှူဒါန်း သွားခဲ့တာဖြစ်ပါတယ်။
 
အခုလှူဒါန်းမှုဟာ ရခိုင်ပြည်နယ်ဘေးဒုက္ခကယ်ဆယ်ရေးကော်မတီ(ရန်ကုန်)ကို ပထမအကြိမ် လှူဒါန်းမှုဖြစ်ပြီး ရှေ့ဆက်လှူဒါန်းသွားဖို့အစီစဉ်များလည်းရှိတယ်လို့ သိရပါတယ်။