


မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့တော်ရှိ လမ်းအနေအထားများကို အထင်ကရနာမည်များ သုံးစွဲမည့်အစား Geographic Information
System(GIS) ဂြိုလ်တုမှတစ်ဆင့် ချိတ်ဆက်အသုံးပြုရမည့်စနစ် အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ (လမ်း၊တံတားဌာန)ဌာနမှူး ဦးမျိုးအောင်က ပြောကြားသည်။
GIS စနစ်ကို အသုံးပြုမည်ဆိုပါက လမ်းနံပါတ်များကို ကိန်းဂဏန်းစနစ်ဖြင့်အသုံးပြုရမည်ဖြစ်ရာ ယင်းကြောင့် မန္တလေးမြို့ရှိ လမ်းအမည်စာရင်းကို ပြီးခဲ့သည့်မေလက အပြီးသတ်ကောက်ခံခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ တင်ပြထားကြောင်း ၎င်းကရှင်းပြသည်။
Geographic Information System(GIS) သည် ကွန်ပျူတာ အခြေခံသည့် ကိရိယာတစ်ခုဖြစ်ပြီး မြေပုံပေါ်ရှိ မြေမျက်နှာသွင်ပြင်ဆိုင်ရာ အချက်အလက်များကို ပြသခြင်း၊သိမ်းဆည်းခြင်း၊စစ်ဆေးရှာဖွေခြင်းများ ပြုလုပ်နိုင်ရန် အင်တာနက်နှင့်ချိတ်ဆက်အသုံးပြုရသည့် စနစ်တစ်ခုဖြစ်သည်။
Credit-The VOICE Daily