မန္တလေးသင်္ကြန်ကို တိုင်းရင်းသားသွေးချင်းများ၏ ရိုးရာသင်္ကြန်အဖြစ် ကျင်းပသွားမည်။

 
ယခုနှစ်မန္တလေးသင်္ကြန်ကို တိုင်းရင်းသားရိုးရာတွေနဲ့ အတူ တွဲဖက်ပြီး တိုင်းရင်းသားသွေးချင်းများရဲ့ ရိုးရာသင်္ကြန်အဖြစ် ကျင်းပသွားမယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီတာဝန်ရှိသူထံက သိရပါတယ်။
မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ ခရစ်သက္ကရာဇ် ၂၀၁၉ ခုနှစ် ယခုနှစ်အတာသင်္ကြန်ကို မန္တလေးမြို့မှာတိုင်းရင်းသားသွေးချင်းများရဲ့ ရိုးရာသင်္ကြန်အဖြစ် ကျင်းပသွားမှာပါ။မန္တလေးအခြေစိုက် တိုင်းရင်းသားအဖွဲ့တွေကို အခြေခံပြီးတိုင်းရင်းသားရိုးရာရေကစားမဏ္ဍပ်တွေနဲ့ အတူဆင်နွှဲကြမှာဖြစ်ပါတယ်။
ရိုးရာဓလေ့ အတိုင်းဝတ်စားဆင်ယင်ပြီး ရိုးရာဓလေ့အတိုင်းရေကစားတာ၊တိုင်းရင်းသားရိုးရာစတုဒီသာ တွေအပြင် တိုင်းရင်းသားရိုးရာ အက တွေနဲ့ ကပြဆင်နွှဲသွားကြမယ်လို့ သိရပါတယ်။
တိုင်းရင်းသားရိုးရာစတုဒီသာတွေအပြင် တိုင်းရင်းသားရိုးရာအက တွေနဲ့ ကပြဆင်နွှသွားကြမယ်လို့ သိရပါတယ်။
တိုင်းရင်းသားရိုးရာမဏ္ဍပ်တွေကို လမ်းလျှောက်သင်္ကြန်ပြုလုပ်မယ့် (၂၆)လမ်း (၆၆)လမ်း နဲ့ (၆၈) လမ်းကြားမှာ တည်ဆောက်သွားမှာဖြစ်ပါတယ်။
ယခုနှစ် မန္တလေးသင်္ကြန်ကို လမ်းလျှောက်သင်္ကြန်အပြင် အစားအသောက်တွေရောင်းချပေးမယ့် တောသင်္ကြန်နေ့ ဈေး၊ ညဈေးကိုပါထည့်သွင်းကျင်းပသွားမှာဖြစ်ပါတယ်။ မန္တလေးသင်္ကြန်မှာ နှစ်ပေါင်းများစွာထွန်းကားခဲ့တဲ့  ယိမ်းအကတွေကို ဖော်ထုတ်ဖို့ ရိုးရာ ယိမ်းအက ပြိုင်ပွဲတွေကိုလည်း ထည့်သွင်းကျင်းပသွားဖြစ်ပြီး မြို့တော်မဟာသင်္ကြန် မဏ္ဍပ်သာမကနဲ့ မရေညရမံဥယာဉ်မှာလည်းယိမ်းပြိုင်ပွဲ သံချပ်ပြိုင်ပွဲတွေပြုလုပ်ကာ ဆုတွေပေးအပ်ချီးမြှင့်သွားမယ်လို့လည်းသိရပါတယ်။