မုန်သုံလေအားကောင်း၍ ကမ်းရိုးတန်းဒေသများမိုးကြီးမည်

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းနေသည့်အတွက် ကမ်းရိုးတန်းဒေသများတွင် နေရာအနှံ့အပြားမိုးရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွန်ကြားရေးမှူးဦးကျော်လွင်ဦးက ပြောကြားသည်။မုတ်သုံလေအရှိန်ကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့တွင်လည်း မိုးအားပိုလာနိုင်ပြီး ၂၄ နာရီအတွင်း မိုးရေချိန် နှစ်လက်မရရှိသည်အထိ မိုးရွာရန် ၈၀ ရာခိုင်နှုန်းခန့်ရှိနေကာ ကမ်းရိုးတန်း ဒေသများတွင်လည်း မိုးကြီးနိုင်ကြောင်း ၎င်းကပြောသည်။
 
ထို့အပြင် မြစ်ဝကျွန်းပေါ် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် ၃၅မိုင်မှ မိုင်၄၀အထိ တိုက်ခတ်နိုင်ပြီး မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် လှိုင်းအမြင့် ကိုးပေမှ ၁၁ပေခန့်၊မုတ္တမကွေ့နှင့် မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်တို့တွင် ခြောက်ပေမှ ရှစ်ပေခန့် အထိရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွန်ကြားရေးမှူးကြီး ဦးစီးဌာနက သတိပေးထားပါတယ်။