မုန်တိုင်းငယ် ရခိုင်ကမ်းရိုးတန်းအနီး ရောက်လာနိုင်ပြီး ဒေသကိုးခု နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေး

ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ် ရခိုင်ကမ်းရိုးတန်းအနီး ရောက်လာနိုင်ပြီး ဒေသကိုးခုတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ဒေါက်တာထွန်းလွင်နှင့်မိုးဇလဌာနက သတိပေးသည်။
 
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၌ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မေလ၂၉ရက်တွင် မုန်တိုင်းငယ် ဖြစ်လာနိုင်ပြီး ရခိုင်ကမ်းရိုးတန်းအနီးသို့ ရွေ့လျားနိုင်ကြောင်း မိုးလေ၀သပညာရှင်ဒေါက်တာထွန်းလွင်က မေလ၂၄ရက်ကတည်းက ကြိုတင်ခန့်မှန်းသတိပေးခဲ့သည်။
 
မိုးလေ၀သနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနကလည်း လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် နေပြည်တော်၊စစ်ကိုင်း၊မန္တလေး၊ပဲခူး၊ရန်ကုန်၊ဧရာဝတီ၊ရှမ်း၊ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နောင်သုံးရက်အတွင်း နေရာအနှံ့  မိုးရွာနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မေလ၂၇ရက် ည ၇နာရီက သတင်းထုတ်ပြန်သည်။
 
Cerdit-  7 DaysDaily