မတ်လ(၁၃)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ဒဏ်ကြောင့် တိုက်ကြီးမြို့တွင် ဒဏ်ရာရသူ (၂၆)ဦးအထိရှိနေ

မတ်လ(၁၃)ရက်နေ့ ည(၈)နာရီ(၄၉)မိနစ်အချိန်ခန့်က ရစ်ခ်ျတာစကေး(၅.၈)အဆင့်ရှိ အင်အား အသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု

လှုပ်ခတ်ခဲ့ပါတယ်။ကမ်္ဘာအေးမြေငလျင်စခန်းရဲ့ အနောက်မြောက်ဘက် ၂၂ မိုင်ခန့် ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့ရဲ့ အနောက်တောင်ဘက်

(၅)မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာလို့ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ဒီငလျင်ဒဏ်ကြောင့်

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်အတွင်းက ဘုရားစေတီ (၂)ဆူ၊ ဘုန်းတော်ကြီးကျောင်း(၃)ကျောင်းနဲ့ ရဲဝန်ထမ်းအိမ်ရာက အိမ်၂လုံးအ

ပါအ၀င် လူနေအိမ်စုစုပေါင်း(၅)လုံး ပျက်စီးခဲ့ပြီး ဒဏ်ရာရသူ စုစုပေါင်း(၂၆)ဦးအထိ ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း ငလျင်ဒဏ်ကြောင့် တိုက်ကြီးမြို့နယ်ဆေးရုံမှာ ဆေးရုံတက်ရောက် နေတဲ့သူတွေကို ကယ်ဆယ်ရေးအစီအစဉ်တွေ စတင်ပြု

လုပ်နေပြီလို့သိရပါတယ်။ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ကနေ ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးပိုင်းတွေကို လုပ်ဆောင်နေတာ

တွေရှိသလို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့

အဖွဲ့ကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေတယ်လို့သိရပါတယ်။