ဘီးလင်းတွင် ရေဘေးရှောင်စခန်း သုံးခုကျန်

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ဇူလိုင်လက ဘီးလင်းမြစ်ရေကြီးသဖြင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွားအများစုတွင် ရေကြီးရေလျှံမှုကြောင့် ရေဘေးရှောင်စခန်း ၄၃ ခုဖွင့်လှစ်ခဲ့ ။ သြဂုတ်လ ၅ ရက် အထိ ရေဘေးရှောင်စခန်း ၃ ခုသာ ကျန်ရှိနေတော့ကြောင်း ဘီးလင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲကပြောသည်။
''လက်ရှိမှာတော့ ရေဘေးရှောင် စခန်း ၃ ခုပဲကျန်တော့တယ်၊ ဒီစခန်း ၃ ခုက မြို့ပေါ်စခန်းတွေပဲ၊ လူဦးရေကတော့ တစ်ရာကျော်ပဲရှိတော့တယ်၊ ရေကလုံးဝကျသွားတော့ အားလုံးပြန်ကုန်ပြီ ပြန်လည်ထူတောင်ရေးအတွက်ကိုလည်း ကျွန်တော်တို့စပြီးလုပ်နေပါပြီ'' ဟု ၎င်းကဆိုသည်။
ဘီးလင်းမြို့နယ်တွင် ကျန်ရှိနေသည့် ရေဘေးရှောင်စခန်း ၃ ခုမှ လေသာကျောင်းစခန်း၊ အောင်သိဒ္ဓ္ဓိကျောင်းစခန်းတို့ဖြစ်ပြီး စခန်း၃ခုတွင်ရေဘေးရှောင်သူ ၁၂၅ ဦးသာ ရှိတော့ကြောင်း ဘီးလင်းမြို့နယ် ရေဘေးစခန်း ကွပ်ကဲရေးရုံး၏ စာရင်းများအရ သိရသည်။
''ကျွန်တော်တို့အဖွဲ့တွေ ပေါင်းပြီး ရေမြုပ်သွားတဲ့ ရေတွင်းနှစ်ရာကျော်ကို ရေစုပ်စက်နဲ့ ရေတွေစုပ်ထုတ်ပြီး သန့်ရှင်းတဲ့ သောက်ရေပြန်ရဖို့ စလုပ်နေပြီ၊ အပျက်အဆီးစာရင်းကိုတော့ သက်ဆိုင်ရာ ဌာနအလိုက်စကောက်နေပါတယ်။ ရလာတဲ့ စာရင်းတွေကို ပြည်နယ်ကို ဆက်လက်တင်ပြသွားမှာပါ'' ဟုဘီးလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲက ရှင်းပြသည်။
 
Credit - The Voice