ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ ပြန်လာဖို့ ပေးပို့ထားတဲ့ စာရင်းထဲမှာ စီစစ်ပြီးတဲ့ အချိန်အထိ အကြမ်းဖက်သမား သုံးဦး ပါဝင်နေကြောင်းတွေ့ရှိ

မြန်မာနိုင်ငံကို ပြန်လာဖို့  ဘင်္ဂလားဒေ့ရှ်  နိုင်ငံဘက်က ပေးပို့လာတဲ့ လူဦးရေစာရင်း ၈၀၀၀ကျော်ထဲမှာ လက်ရှိစီစစ်ပြီးတဲ့ အချိန်အထိ အကြမ်းဖက်မှုထဲမှာ ပါဝင်တဲ့ လူသုံးဦးကို တွေ့ခဲ့တယ်လို့ မတ်လ၁၄ရက်က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ ပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အခြေအနေများနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သူများပြန်လည်စီစစ် လက်ခံရေးဆိုင်ရာ သတင်းစာရှင်းလင်းလင်းပွဲမှ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးများ အစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူပေါင်း(၈၀၃၂)ဦးရဲ့ အမည်စာရင်းတွေကို ပေးအပ်ခဲ့တာပါ။ပေးပို့ခဲ့တဲ့ စာရင်းတွေမှာ ပါဝင်တဲ့လူတွေကို ပြန်လည်စီစစ်ရာမှာတော့ မတ်လ၁၃ရက်အထိ အိမ်ထောင်စုပေါင်း (၉၃)စုက လူဦးရေ (၄၅၆)ဦးစီစစ်ပြီးဖြစ်ကာ အဲဒီထဲမှာ အကြမ်းဖက်မှုဖြစ်စဉ်တွေမှာ ပါဝင်နေတဲ့လူသုံးဦးကို တွေ့ရှိခဲ့တယ်လို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနက သိရပါတယ်။
 
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် ဘင်္ဂလားဒေ့ရှ့် နိုင်ငံဖက်ကို ထွက်ပြေးတိမ်းရှောင်နေသူတွေကို ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၃ရက် ကတည်းက အဆင်သင့်ဖြစ်နေခဲ့တယ်လို့ ပြောပါတယ်။