Home
Who We Are
News
Program
Schedule
podcast
Contact Us
87.9 MHz -
Mandalay FM - Your Radio , Your Friend
Your browser does not support the audio element.
ပဲခူးရေဘေးကြောင့် ယာယီပိတ်ထားရသော စာသင်ကျောင်း ၄၀၀ ကျော် ယနေ့ပြန်ဖွင့်မည်
ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းမြို့နယ်များတွင် ရေကြီးရေလျှံမှုများကြောင့် ယာယီပိတ်ထားရသော အခြေခံပညာ စာသင်ကျောင်း ၄၀၀ ကျော်ကို ယနေ့(သြဂုတ်လ ၆ရက်)မှစ၍ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပဲခူးတိုင်းပညာရေးမှူးရုံးထံမှသိရသည်။
ဇူလိုင်လ ၂၃ ရက်မှစ၍ ကျောက်ကြီး၊ရွှေကျင်၊မဒေါက်၊ပဲခူး၊တောင်ငူမြို့များတွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်သဖြင့် အခြေခံပညာကျောင်း ၄၀၀ ကျော် ယာယီပိတ်ထားခဲ့ရပါတယ်။ဇူလိုက်လ ၃၁ ရက်ကကျောင်း ၃၀ကျော်သာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျန်ရှိနေသောစာသင်ကျောင်းများကို ယနေ့တွင်ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်း အရှေ့ခြမ်း မြို့နယ်များ အတွင်း ဇူလိုင်လ နောက်ဆုံးပတ်ခန့် မှစ၍ ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်ပြီး လူခုနှစ်သောင်းခန့် ရေဘေးကယ်ဆယ်ရေး စခန်း ၁၅၁ ခုတွင် ခိုလှုံခဲ့ရပါတယ် ဇူလိုင်လ ၂၉ ရက်မှစ၍ ရွှေကျင်မြစ်ရေ၊ စစ်တောင်းမြစ်ရေနှင့် မြစ်ရေများ ပြန်လည်ကျဆင်းခဲ့သည်။
Credit - The Voice