တာလတ်ပစ်ဒုံးကျည် ဂျပန်ပင်လယ်အတွင်းသို့ မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်

မြောက်ကိုရီးယားသည် ၄င်း၏ အရှေ့ဘက်ဆိပ်ကမ်းမြို့ဆင်ပိုမှ ဂျပန်ပယ်လယ်အတွင်းသို့ တာလတ်ပစ်ဒုံးကျည်တစ်စင်းစမ်းသပ်ပစ်လွတ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
 
 
 
ဒုံးကျည်သည် ကီလိုမီတာ ၆၀ခန့်ပျံသန်းခဲ့သည်ဟု တောင်ကိုရီးယားကာကွယ်ရေးဌာနကပြောကြားသည်။မြောက်ကိုရီးယား၏နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များထိန်းချုပ်ရေးကို ဆွေးနွေးကြမည့်
ဒေါ်နယ်ထရမ့်နှင့် ရှီကျင့်ဖျင်တို့၏တွေ့ဆုံမှုမတိုင်မီ ယခုကဲ့သို့ ဒုံးကျည်ပစ်လွှတ်မှုထွက်ပေါ်လာခြင်းဖြစ်သည်။
 
 
 
မြောက်ကိုရီးယားသည် ကုလသမဂ္ဂ၏အရေးယူပိတ်ဆို့တားမြစ်ချက်များကို အကြိမ်ကြိမ် ချိုးဖောက်ကာ နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများကို ပြုလုပ်လျက်ရှိသည်။
 
 
 
ဒုံးကျည်သည် တာလတ်ပစ် KN 15ဒုံးကျည်ဖြစ်ပြီး အမေရိကကို ခြိမ်းခြောက်နိုင်စွမ်းမရှိဟု အမေရိကန်စစ်ဘက်က ပြောကြားသည်။
 
 
ပြုံယမ်း၏လုပ်ရပ်သည် ကျူးကျော်ရန်စခြင်းဖြစ်သည်ဟု ဂျပန်နိုင်ငံက ပြောကြားခဲ့သည်။ အလားတူ တောင်ကိုရီးယားကလည်း ယင်းလုပ်ရပ်သည် ကုလသမဂ္ဂကို အသားလွတ် စိန်ခေါ်ခြင်းဖြစ်ပြီး
ကိုရီးယားကျွန်းဆွယ် တည်ငြိမ်မှုနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကို ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု မှတ်ချက်ပေးသည်။