Home
Who We Are
Social Wall
News
Program
Schedule
podcast
Contact Us
87.9 MHz -
Mandalay FM - Your Radio , Your Friend
Your browser does not support the audio element.
တစ်နိုင်ငံလုံး မဲဆန္ဒရှင်စာရင်း စက်တင်ဘာ ၁၄ စတင်ကြေညာမည်
ရေဘေးသင့်ပြည်သူများကြောင့် ထုတ်ပြန်ကြေညာရန် ရွှေ့ဆိုင်းထားသောတစ်နိုင်ငံလုံးရှိ မဲဆန္ဒရှင်များ စာရင်းကို စက်တင်ဘာလ ၁၄ ရက်နေ့တွင် စတင်ကြေညာမည်ဖြစ်ကြောင်းပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးကပြောကြားသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ တစ်နိုင်ငံလုံးရှိ မဲဆန္ဒရှင်များစာရင်းကို စက်တင်ဘာလ ၁၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၁၄ ရက်ကြာသက်ဆိုင်ရာ ရပါ/ ကျေးကော်မရှင်အဖွဲ့ ခွဲရုံးများတွင် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။
ထို့အပြင် တစ်နိုင်ငံလုံးရှိ မဲစာရင်းများကို ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ပြီးပါက ရွေးကောက်ပွဲမကျင်းပမီ ခုနှစ်ရက်အလိုတွင် သက်ဆိုင်ရာ ရပ် / ကျေးကော်မရှင်ရုံးများတွင် မဲဆန္ဒရှင် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်ထံမှသိရသည်။
Credit: The VOICE Daily