ဂျပန် ရေကြီးမှု လူ ၉ သောင်းကျော်ရွှေ့ပြောင်းရ

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ရေကြီးမှု ၊ မြေပြိုမှု တွေကြောင့် လူပေါင်း ၉သောင်းကျော် နေအိမ်တွေ စွန့်ခွာခဲ့ကြရပါတယ်။
 
တိုကျိုမြို့မြောက်ဘက်က ဂျိုဆိုမြို့မှာတော့ ကီနူဂါဝါ မြစ်ကမ်းကျိုးပေါက်ခဲ့တဲ့ အတွက် ရေတွေ ဒလဟောမြို့ထဲ ၀င်ရောက်ခဲ့ရာမှာ လူတွေကို သူတို့ရဲ့ နေအိမ် ခေါင်မိုးတွေ ပေါ်ကနေ ရဟတ်ယာဉ်တွေနဲ့ ဆွဲယူကယ်တင်ခဲ့ရပါတယ် ။ အဲဒီဒေသမှာ လူတစ်ယောက်
ပျောက်ဆုံးနေပြီး ၁၂ ယောက်ဒဏ်ရာရတယ်လို့ ဆိုပါတယ် ။
 
တစ်နာရီ ၇၈ မိုင်နှုန်းအထိ တိုက်ခတ်ခဲ့တဲ့ အပူပိုင်း မုန်တိုင်း တစ်ခုဂျပန် အလယ်ပိုင်း အီချီ ခရိုင်ကို ၀င်ရောက်ခဲ့ပြီး နောက်တစ်ရက်မှာ အခုလို မိုးများပြီး ရေကြီးခဲ့တာဖြစ်တယ်လို့ BBC သတင်းအရ သိရပါတယ် ။ 
 
Credit: The VOICE Daily