ကာလီဖိုးနီးယားတွင် ဒရုန်းလေယာဉ်လေးများ ပျံသန်းမှုကို တားမြစ်

အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်တွင် မောင်းသူမဲ့ ဒရုန်းယာဉ်လေးများဖြင့် ဆေးခြောက်များ သယ်ဆောင်ရောင်းဝယ်ခြင်းများ ပြုလုပ်လာသောကြောင့် မောင်းသူမဲ့လေယာဉ် ကား မည်သည့်ယာဉ်မျိုးကိုမဆို ပျံသန်းမောင်းနှင်းမှုကို ခွင့်မပြုသောကြောင့် AFP သတင်းတွင်ဖော်ပြထားသည်။ မောင်းသူမဲ့ ဒရုန်းယာဉ်များဖြင့် ကာလီဖိုးနီးယားတွင် မီနစ် ၃၀ အတွင်းအရောက်ပို့ဆောင်နေမှုများကို တားမြစ်ရန်အတွက် ယင်းသို့ တားမြစ် ဥပဒေထုတ်ပြန်ရခြင်းဖြစ်ကြောင်းယင်းသတင်းက ဆိုသည်။
 
ကာလီဖိုးနီးယားပြည်နယ်သည် ဆေးခြောက်ထုတ်လုပ်မှုလုပ်ငန်း အထွန်းကားဆုံး ဖြစ်ပြီး ဆေးဝါးလုပ်ငန်းအတွက် လိုင်စင်များကို ခွင့်ပြုထားသော်လည်း တရားမ၀င်ရောင်းဝယ်ဖောင်းကားမှုများကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့ကစတင်ပြီး တင်းကျပ်စွာ ထိန်းချုပ်သွားမည်ဟု AFP တွင်ရေးသားထားသည်။