Home
Who We Are
News
Program
Schedule
podcast
Contact Us
87.9 MHz -
Mandalay FM - Your Radio , Your Friend
Your browser does not support the audio element.
ကရင်တိုင်းရင်းသားတွေအနေနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့နေရာမှာ ခိုင်ခိုင်မာမာလက်တွဲဆောင်ရွက်သွားဖို့ အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း
ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ
ကွန်ဗစ်ရှင်း ဗဟိုဌာန -၂(MICC-2)မှာပြုလုပ်ခဲ့တာဖြစ်ပြီး ဒီအခမ်းအနားမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ကရင်တိုင်းရင်းသားတွေအနေနဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်တဲ့နေရာမှာ ခိုင်ခိုင်မာမာလက်တွဲဆောင်ရွက်သွားဖို့တိုက်တွန်း ပြောကြား လိုက်တာဖြစ်ပါတယ်။
ဒီဇင်ဘာလ ၁၈ရက်မှာ ကျရောက်တဲ့ ကရင်အမျိုးသား နှစ်သစ်ကူးနေ့အခမ်းအနားမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းပြောကြားစဉ်ထည့်သွင်း ပြောကြားခဲ့တာပါ။ ကရင်တိုင်းရင်းသားတွေအနေနဲ့ အမျိုးသားပြန်လည်သင့် မြတ်ရေးအတွက် ရဲရဲဝံ့ဝံ့ဆောင်ရွက် နေတာကိုတွေ့မြင်နေရပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့ နေရာမှာလည်း ခိုင်ခိုင်မာမာနဲ့ လက်တွဲ ဆောင်ရွက်သွားဖို့ တိုက်တွန်းခဲ့တာပါ။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ယနေ့အချိန်ကာလဟာ ပြည်ထောင်စု ကြီးမှာ မှီတင်းနေထိုင်နေကြတဲ့ နိုင်ငံသူနိုင်ငံသား တိုင်းရင်းသား ပြည်သူအားလုံးဟာ ခက်ခဲကြမ်းတမ်းတဲ့ နိုင်ငံရေး၊စီးပွားရေးစတဲ့ စိန်ခေါ်မူတွေကို ကျော်လွှားနိုင်ဖို့ လက်ချင်းတွဲ ရင်ဆိုင်နေရတဲ့ကာလဖြစ်ပြီး အခက်အခဲတွေကိုရင်ဆိုင်ကျော်လွှားနိုင်ဖို့ တိုင်းရင်းသာပြည်သူတွေရဲ့အင်အား၊ စည်လုံးမူတွေနဲ့ အတူ အောင်မြင်နိုင် လိမ့်မယ်လို့ ယုံကြည်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ယခုပြုလုပ်ခဲ့တဲ့ အခမ်းအနားကိုတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌမန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဒုတိယ၀န်ကြီးတွေအပါအ၀င် ကရင်တိုင်းရင်းသားတွေ တက်ရောက်ခဲ့ကြပါတယ်။ ယခုကျင်းပခဲ့တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကိုနေပြည်တော်မှာ ဒုတိယ အကြိမ်မြောက် ကျင်းပခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့၂၀၁၆ခုနှစ်က ပထမအကြိမ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပခဲ့တာ ၇၉နှစ်ပြည့်ခဲ့ပြီး ယခုနှစ်မှာလဲ နေပြည်တော်နဲ့ရန်ကုန်မြို့တွေအပါအ၀င် တစ်နိုင်ငံလုံးအတိုင်အတာနဲ့ ကျင်းပကြပါတယ်။