ကမ္ဘာ့အကြီးဆုံးစာအုပ်ပွဲတော် BIG BAD WOLF Book Sale ကို ပထမဆုံးအကြိမ်ပြုလုပ်သွားမည်

ကမ္ဘာ့အကြီးဆုံးစာအုပ်ပွဲတော်လို့ နိုင်ငံတကာမှာလူသိများတဲ့ BIG BAD WOLF Books Sale ကိုလာမည့် (၂၀၁၉)ခုနှစ် ဇန်န၀ါရီလမှာ ကျင်းပသွားမှာဖြစ်တယ်လို့ ဒီဇင်ဘာလ(၂၀)ရက်က ရန်ကုန်မြို့ Sule-Shangri La Hotel မှာပြုလုပ်ခဲ့တဲ့ အကြို စာနယ်ဇင်းရှင်းလင်းပွဲမှာသိရပါတယ်။
BIG BAD WOLF Book Sale ပွဲတော်ကိုတော့ လူငယ်များနှင့် ကလေးသူငယ်များအတွက် ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ စာအုပ်ဈေးရောင်းပွဲတော်ကိုတော့ နိုင်ငံတကာမှာကျင်းပခဲ့တဲ့ ပုံစံအတိုင်း (၂၄)နာရီရောင်းချပေးသွားမှာဖြစ်ပြီး စာုပ်ချစ်သူတွေအတွက် အသစ်စက်စက် အင်္ဂလိပ်ဘာသာ စာအုပ်ပေါင်း(၁)သိန်းကျော်(၅၀)ရာခိုင်နှုန်းမှ(၉၀)ရာခိုင်နှုန်း အထူးလျှော့ဈေးများနဲ့ စိတ်ကြိုက် ရွေးချယ်နိုင်တာ လည်းဖြစ်တယ်။
မြန်မာကလေးငယ်များအနေနဲ့ နောက်ဆုံးပေါ် AR နည်းပညာနဲ့ ဖန်တီးထားတဲ့ Little Hippo AR စာအုပ်များကိုလည်းအထူးလျှော့ဈေးနှုန်းဖြင့် ရောင်းချပေးသွားမှာလည်းဖြစ်ပါတယ်။
စာအုပ်ဈေးရောင်းပွဲတော်ကြီးမှာ ရောင်းချပေးသွားမယ့် စာအုပ်အမျိုးအစားတွေကတော့ ဂန္တ၀င်ဝတ္ထုများ၊ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုများ ၊ အချစ်ဝတ္ထု ၊ သုတရသ စာပေများ ၊ ဟာသရုပ်ပြစာအုပ်များ ၊ စိုက်ပျိုးရေး ၊ ကျန်းမာရေး ၊ ချက်ပြုတ်ရေးဆိုင်ရာစာအုပ်များ ၊ ကလေးသူငယ်များ အတွက်စိတ်ဝင်စားဖွယ်ရာဆေးရောင်ခြယ်စာအုပ်များ ၊ သင်ထောက်ကူပြုစာအုပ်များ ၊ ရုပ်ပြစာအုပ်များစတာတွေကို ရောင်းချသွားမှာလည်းဖြစ်ပါတယ်။
မလေးရှးနိုင်ငံမှာ(၂၀၀၉)ခုနှစ်ကထည်းက စတင်တည်ထောင်ခဲ့တဲ့ BIG BAD WOLF Book Sale ကယခုနှစ်မှာဆိုရင် (၁၀)နှစ် သက်တမ်းကာလကိုရောက်ရှိခဲ့ပြီလည်းဖြစ်ပါတယ်။BIG BAD WOLF Book Sale Yangon ကိုတော့ ဇန၀ါရီလ(၁၈)ရက်ကနေ(၂၈)ရက်နေ့ အထိ (၁၁)ရက်ကြာ Myanmar Event Park (MEP) မှာ ၀င်ကြေးအခမဲ့နဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာလည်းဖြစ်ပါတယ်လို့ BIG BAD WOLF ရဲ့(တွဲဖက်ဒါရိုက်တာ) တစ်ဦးဖြစ်သူ ဦးမျိုးအောင်ကပြောပါတယ်။