ကမ္ဘာတ၀ှမ်း ကွန်ပြူတာ စနစ်တွေ ဆိုင်ဘာ တိုက်ခိုက်ခံရ

ကမ္ဘာတ၀ှမ်းက ကွန်ပြုတာစနစ်တွေ ဆိုင်ဘာ တိုက်ခိုက်ခံခဲ့ရတဲ့အတွက် ဘဏ်တွေ၊ အရောင်းအ၀ယ်လုပ်ငန်းတွေ၊ စွမ်းအင်ကုမ္ပဏီတွေနဲ့

သယ်ယူပို့ဆောင်ရေး ကွန်ရက်တွေအကြီးအကျယ်ထိခိုက်သွားခဲ့ပါတယ်။အဲဒီ ဗိုင်းရပ်စ်ပိုး ၀င်နေတာကို ယူကရိန်းနိုင်ငံမှာ အရင်တွေ့ခဲ့တာပါ။

 

 

ကွန်ပြူတာသုံးသူတွေအနေနဲ့ ပြန်ပေးငွေ ဒေါ်လာသုံးရာကို ခြေရာခံလို့မရတဲ့ ဒီဂျစ်တယ်လ်ငွေ Bitcoins တွေအဖြစ် ဘယ်သူဘယ်ဝါမသိရတဲ့ စာရင်းတခုထဲ မထည့်ပေးမချင်း သူတို့ရဲ့ကွန်ပြူတာတွေကို ဆိုင်းငံ့ထားမယ်လို့ဆိုင်ဘာ တိုက်ခိုက်သူတွေကပြောပါတယ်။ဒီတိုက်ခိုက်မှုရဲ့ လက်သည်တရားခံကို ရအောင်ရှာဖွေ အရေးယူဖို့ အမေရိကန် အစိုးရက သံဓိဌာန်ချထားတယ်လို့ ၀ါရှင်တန်မြို့က အမေရိကန် လုံခြုံရေးကောင်စီကပြောပါတယ်။

 

 

Credit - BBC