ရန်ကုန်တက္ကသိုလ်ဝင်ခွင့် လူတွေ့စစ်ဆေးမှုစတင်

ယခုနှစ်မှစ၍တိုက်ရိုက်လျှောက် ခွင့်ပြုလိုက်သည့်တက္ကသိုလ် ၁၁ခုအနက် တစ်ခုအပါအ၀င်ဖြစ်သည့် ရန်ကုန်တက္ကသိုလ်က ၀င်ခွင့်အတွက် ပထမဦးစားပေး ဘာသာရပ် လျှောက်ထားသူများ လူတွေ့စစ်ဆေးမှုကို ဇူလိုင် ၂၃ ရက်တွင် စတင်ပြုလုပ်သည်။